Skip to main content

ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ကိုရီးယားသမ္မတနိုင်ငံ၊ ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ အား လက်ခံတွေ့ဆုံ

နေပြည်တော် သြဂုတ် ၅၊

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား ကိုရီးယားသမ္မတနိုင်ငံ၊ ကိုရီးယား - မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Song, Kwand Ho ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်(၉း ၁၅)တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ရေးရာဆောင် (I-1) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် ကိုရီးယား - မြန်မာ လွှတ်တော် နှစ်ရပ်အကြား အပြန်အလှန် ချစ်ကြည်ရေးအဖွဲ့များ တည်ဆောက်၍ ဌာနများအချင်းချင်း စွမ်းရည်မြှင့်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံပြည်သူချင်း ဆက်ဆံမှု ပိုမိုရင်းနှီးချစ်ကြည်မှုရ ရှိရေး၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ကိုရီးယားနိုင်ငံမှ ပါဝင်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် လွှတ်တော်နှစ်ရပ်၏ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့များ ယခုထက်ပိုမို၍ အပြန်အလှန်လေ့လာနိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ အစိုးရ၏ အာမခံချက်များ၊ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းစိန်၊ ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုး၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးသန်းမြင့်၊ လွှတ်တော် အခွင့်အရေးကော်မတီမှ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးကျော်နိုင်ဋ္ဌေးနှင့် ဦးအောင်ဆန်း၊ ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဦးသန်းစိန်၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပြီး ကိုရီးယားသမ္မတနိုင်ငံ၊ ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Song, Kwand Ho နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ တာဝန်ခံများ တက်ရောက်ကြပါသည်။

ဓါတ်ပုံများကြည့်ရှု့ရန်