Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း ဂျပန်အောက်လွှတ်တော်၊နိုင်င်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ သြဂုတ် ၂၆

ပြည်သူလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့၊ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ဂျပန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ Mr.Katsuyuki KAWAI ဦးဆောင်သည့် အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

<--break->

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမောင်မောင်သိန်း၊ ဦးလှမြင့်ဦး၊ ဦးစိုးနိုင်၊ ဦးဌေးမြင့်၊ ကော်မတီအတွင်းရေးမှူး ဦးကြည်သာ၊ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ထွန်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများတတ်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်အတူ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr.Mikio NUMATA လည်းတတ်ရောက်သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ (သတင်းစဉ်)