Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း NDI အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ ၂

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် NDI မှ Governance Programs Director ဖြစ်သူ 
Mr. K. Scott Hubli ဦးဆောင်သည့်အဖွဲ့အား ယနေ့ နံနက် ၉ နာရီ ၄၀ မိနစ်တွင် နေပြည်တော်ရှိ
လွှတ်တော်အဆောက်အဦ၊ ပြည်သူ့လွှတ်တော် အစည်းအဝေးဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပါသည်။

<--break->

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး
ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ (သတင်းစဉ်)