Skip to main content

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား သြစတြေးလျ ဓနသဟာယနိုင်ငံ ဘုရင်ခံချုပ် လာရောက်တွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၅

ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား သြစတြေးလျ ဓနသဟာယနိုင်ငံ ဘုရင်ခံချုပ် မစ္စ(စ်)ကွင်းတင်းဘရိုက်စ်နှင့် ခင်ပွန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦး၊ ပြည်သူ့လွှတ်တော် ကော်မ တီဆောင် အမှတ် ၁၂ ၌ လာရောက် တွေ့ဆုံသည်။

<--break->ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဧည့်သည်တော် ဘုရင်ခံချုပ်နှင့် ခင်ပွန်းတို့အား ကော်မတီ ဥပစာ ၌ ခရီးဦးကြိုဆို၍ ရင်းနှီးခင်မင်စွာ နှုတ်ဆက်သည်။

(သတင်းစဉ်)