Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ဥရောပသမဂ္ဂနိုင်ငံခြားရေးနှင့် လုံခြုံရေးရာ မူဝါဒအကြီးအကဲနှင့် ဥရောပကော်မရှင်ဒုတိယ ဥက္ကဋ္ဌ H. E. Ms. Catherine Ashton ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၁၅

ပြည်ထောင်စုလွှတ်တော် နာယက၊  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်  ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်တွင် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေးရာ မူဝါဒအကြီး အကဲနှင့်  ဥရောပကော်မရှင်ဒုတိယ ဥက္ကဋ္ဌ H.E.Ms. Catherine Ashton ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ  လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

<--break->

 အဆိုပါတွေ့ဆုံပွဲသို့ပြည် ထောင်စုလွှတ်တော် နာယကနှင့် အတူ ပြည်သူ့လွှတ်တော်  ကော်မတီများမှ ဥက္ကဋ္ဌများဖြစ်ကြသော ဒေါ်အောင်ဆန်းစုကြည်၊ ဦးမောင်မောင်သိမ်း၊ ဦးလှမြင့်ဦး၊ ကော်မတီ အတွင်းရေးမှူး ဒေါ်ဒွဲဘူ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်ဒေါ်အေးအေးမူ နှင့် လွှတ်တော်ရုံးမှ  တာဝန် ရှိသူများ တက်ရောက်ကြပြီး  ဧည့်သည်တော် နှင့်အတူ ဥရောပပါလီမန်  ဒုတိယ ဥက္ကဋ္ဌ Ms. Isabelle DURANT လည်း တက်ရောက်သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ နိုင်ငံ၏ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု များတွင် EU မှ ထောက်ပံ့ အားပေးကူညီမှုများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ ထို့အပြင် ပြည်ထောင်စု လွှတ်တော် နာယကသည် ယနေ့နံနက် ၁၀ နာရီတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(MICC)၌ကျင်း ပသော EU-Myanmar ပါလီမန် ပူးပေါင်းဆောင်ရွက်မှု  ဆွေးနွေးပွဲ အခမ်းအနားသို့   တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။

ထိုသို့ပြောကြားရာတွင် ပြည်ထောင်စုလွှတ်တော်နာယကက ယနေ့ကျင်းပသည့် အီးယူ-မြန်မာ ပါလီမန် အချင်းချင်း ဆွေးနွေးပွဲတွင် မြန်မာလွှတ်တော် ကိုယ်စားလှယ် များအနေဖြင့်    ဥရောပပါလီမန်အကြောင်း   ပိုမို နားလည်လာမည်ဖြစ်ပြီး “ခေတ်မီဒီမိုကရေစီရေးအတွက်ခိုင်မာသောလွှတ်တော်တစ်ရပ် တည်ဆောက်ရန်”  ဟူသည့်ခေါင်းစဉ် အောက်တွင်ဥရောပပါလီမန် ကိုယ်စားလှယ်များနှင့်အမြင်ချင်း ဖလှယ်နိုင်ခွင့် ရကြမည်ဖြစ် ပါကြောင်း။

 ခေတ်မီဒီမိုကရေစီ စနစ်ဖြစ်ထွန်းရန်အတွက် ခိုင်မာ တောင့်တင်းသော လွှတ်တော် လိုအပ်ကြောင်း  ပြောကြသည့် အခါ မိမိအနေဖြင့်ခေတ်မီသည့် အပြင် ပိုမိုကောင်းမွန်သောဒီမိုကရေစီဟု ထည့်သွင်း ပြောကြား လိုပါကြောင်း၊ ခေတ်မီပြီးကောင်းမွန်သော ဒီမိုကရေစီကိုရည်သန်၍ မိမိတို့လွှတ်တော်သည် ဥပဒေပြုရေး လုပ်ငန်း ရပ်များကို လွန်ခဲ့သည့် သုံးနှစ်တာ ကာလကတည်းက ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ဆောင်ရွက် ရာတွင် အောင်မြင်မှုများ အထိုက်အလျောက် ရရှိခဲ့ပြီး ဖြစ်သော်လည်း လိုအပ်ချက် များရှိနေဆဲ ပင်ဖြစ်ပါကြောင်း။

ဆောင်ရွက်ပေး ယခုအခါ  ပြည်ထောင်စုလွှတ်တော်တွင်ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မ တီဖွဲ့စည်းပြီးဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြန်လည် သုံးသပ်ရန်အတွက် ဆောင်ရွက် နေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ဥပဒေပြုလွှတ်တော်များတွင် တိုင်းရင်း သားမျိုးနွယ်စုပေါင်းစုံမှ   ကိုယ်စားလှယ်များ ပါဝင်ပါကြောင်း၊  မိမိတို့ လွှတ်တော်၏အဓိကတာဝန်မှာ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ များ၏လိုအပ်ချက်များ ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ မိမိတို့ကြားသိ နေရသော ပြည်သူများ၏ အသံသည် စစ်မှန်သော ဒီမိုကရေစီနှင့် အဖွဲ့အစည်းများတွင် အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ဆန္ဒရှိနေသည်ကို ကြားသိနေရပါကြောင်း၊ မိမိတို့ လွှတ်တော်သည် ပြည်သူများ၏ ဆန္ဒသဘောထားကို အမှန်တကယ် ထင်ဟပ်စေသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှတစ်ဆင့် နိုင်ငံအတွင်း အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းတည်ငြိမ်မှု ရေရှည် တည်တံ့ရေးတို့အတွက် လမ်းဖွင့်ဆောင်ရွက်ပေး လျက်ရှိနေ ပါကြောင်း။

အမှန်စင်စစ် ဥရောပဒေသသည် ကမ္ဘာပေါ်တွင် အလွန်ကျော်ကြားမှုရှိသောအတွေးအခေါ်များ ဖြစ်ကြသည့် ပါလီမန်ဒီမိုကရေစီ၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်နှင့် ဖက်ဒရယ်စနစ်တို့ မွေးဖွားရာဒေသပင် ဖြစ်ပါကြောင်း။ မိမိတို့လွှတ်တော်ကို ပြည်သူတွေအတွက်ကြိုးပမ်းဆောင်ရွက်မှုမှာ စံနမူနာတစ်ခု ဖြစ်စေ လိုပါကြောင်း၊ မြန်မာ-အီးယူ လုပ်ငန်း အဖွဲ့နှင့် မိတ်ဆွေများ၊ စိတ်ကောင်းစေတနာ ရှိသူများ အားလုံးက မိမိတို့၏ ကြိုးပမ်း မှုများကိုဝိုင်းဝန်းကူညီမယ်လို့ ယုံကြည်ပါကြောင်း။

မြှင့်တင်နိုင်မည်ယနေ့ နှစ်ဖက်ပါလီမန်အကြား “ပူးပေါင်းကူညီမှုဆိုင်ရာ ပါလီမန်ပူးတွဲ ကြေညာစာတမ်း” ကို လက်မှတ်ရေး ထိုးခြင်းအားဖြင့်  မြန်မာနိုင်ငံလွှတ်တော်များ၏ လုပ်ငန်းဆောင်ရွက်မှု အရှိန်အဟုန် ကို  မြှင့်တင်နိုင် မည် မှာ သေချာပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက်ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းသည် EU-Myanmar ပါလီမန်ပူးပေါင်း ဆောင်ရွက်မှု ကြေညာစာတမ်းလက်မှတ် ရေးထိုးသည့် အခမ်းအနားသို့ တက် ရောက်သည်။ (သတင်းစဉ်)