Skip to main content

ပြည်သူ့လွှတ်တော်၊ စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာ သြစတြေးလျနိုင်မှ စီးပွားရေးလုပ်ငန်းရှင်များအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာလ ၁၄

ပြည်သူ့လွှတ်တော်၊ စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာနှင့် အဖွဲ့သည် သြစတြေးလျနိုင်ငံရှိ အေးရှားလင့်ခ်အဖွဲ့မှ စီးပွားရေးလုပ်ငန်းရှင်များအား နိုဝင်ဘာ(၁၄)ရက်၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ရေးရာဆောင်အမှတ် (၁) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

<--break->ထိုသို့ တွေ့ဆုံရာတွင် ကော်မတီဥက္ကဋ္ဌ ဦးစိုးသာမှ လွှတ်တော်၏ အဓိကထားရှိရမည့် ဥပဒေပြုခြင်း ဆောင်ရွက်နေပုံများအား ရှင်းလင်းခြင်း၊ အေးရှားလင့်ခ်အဖွဲ့ဝင်များမှ စီးပွားရေးနှင့် ဆပ်ဆိုင်သော ဥပဒေပြုမှုကိစ္စရပ်များ ဥပမာ - နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ဥပဒေပြုခြင်း၊ ဘဏ်ဥပဒေ ရေးဆွဲခြင်းများ၊ နိုင်ငံတကာမှ ကူညီဆောင်ရွက်နေပုံများအား ပြန်လည်ဖြေကြားပေးခြင်း စသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာ၊ အတွင်းရေးမှူး ဦးအေးမောက်၊ ဦးသိန်းလွင် (အတွင်းရေးမှူး) (သယံဇာတ)၊ ဦးဝင်းမြင့် (အတွင်းရေးမှူး)(ဘဏ်ငွေကြေး)၊ ဦးကိုကိုထွန်း (အတွင်းရေးမှူး)(နိုင်ငံတကာ)၊ ဦးအောင်ကြိုင် (အတွင်းရေးမှူး)(အားကစား)၊ ဦးဝင်းသန်း (စီးပွား/ ကုန်သွယ်)၊ ဦးဝင်းဦး (ရင်းနှီးမြှုပ်နှံ)၊ ဒေါ်သန်းသန်းရီ (ကော်မရှင်) တို့ တက်ရောက်တွေ့ဆုံခဲ့ပါသည်။