Skip to main content

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား IRI၏ ညွှန်ကြားရေးမှူးများ ဘုတ်အဖွဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ သံအမတ်ကြီး လာရောက်တွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၁၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအား International Republican Institute (IRI)၏ ညွှန်ကြားရေးမှူးများ ဘုတ်အဖွဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ သံအမတ်ကြီး Mr. Richard Williamson သည် ယနေ့နံနက် ၈နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ကော်မတီဆောင် အမှတ် (၁)၌ လာရောက် တွေ့ဆုံသည်။

<--break->ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံလွှတ်တော်၏ ဦးစားပေးလုပ်ငန်းစဉ်များ၊ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ တွင် ဖြစ်ပေါ်လာနိုင်သည့် အခွင့်အရေးများ၊ စိန်ခေါ်မှုများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် အတူ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ ဦးကြည်ထွဋ်ဝင်း နှင့်လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ (သတင်းစဉ်)