Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ရန်ကုန်မြို့မှ လူမှု အဖွဲ့အစည်းများအား တွေ့ဆုံအမှာစကား‌ပြောကြား

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အဖွဲ့အစည်းများအနေဖြင်‌့ မိမိတို့သက်ဆိုင်ရာ ကဏ္ဍ အလိုက်တာဝန်ယူ၊ တာဝန်ခံပွင့်လင်းမြင်သာမှုရှိမှသာ ဒီမိုကရေစီ အနှစ်သာရရှိမည် ဖြစ်ကြောင်းဖြင်‌့ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် မွန်းလွဲ (၁) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဧည့်ခံခန်းမကြီး၌ ကျင်းပသည့် ရန်ကုန်မြို့မှ လူမှုအဖွဲ့အစည်း များနှင်‌့တွေ့ဆုံပွဲ အခမ်းအနားတွင် ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယကပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင်‌့ဆွေ၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း၊ ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌများ၊ ပြည်ထောင်စု
လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော် မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာကိုယ်စားလှယ်များ၊ လူမှုရေးအသင်း အဖွဲ့များမှ ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင်‌့ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်သူ လူထုနှင်‌့ အစိုးရကြား ပေါင်းကူး ဆက် သွယ်ပေးပြီး နိုင်ငံတော် အကျိုး ဖော်ဆောင်ပေးမည့် လူမှုအဖွဲ့ အစည်းများနှင်‌့ တွေ့ဆုံခွင်‌့ရရှိသည့်အတွက် ဝမ်း‌မြောက်ဂုဏ်ယူပါကြောင်း၊ မိမိတို့နိုင်ငံကို ပါတီစုံ ဒီမိုကရေစီနှင်‌့ ဈေးကွက်စီးပွားရေး စနစ်ကျင်‌့ သုံးပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် ဖြစ်ပေါ် လာရေး တည်ဆောက် နေခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာ၌ ဒီမိုကရေစီ စနစ်နှင့်အညီ လူမှု အဖွဲ့အစည်း များသည် နေရာ ရရှိပြီး နိုင်ငံတော် အကျိုး၊ ဒေသအကျိုး ဆောင်ရွက်နိုင်သည့် အဖွဲ့များ ဖြစ်ပါကြောင်း။

အလျဉ်းသင်‌့၍ လွှတ်တော်များ၏ တာဝန်နှင့် ဆောင်ရွက်ချက်ကို တင်ပြလိုပါကြောင်း၊ လွှတ်တော် များသည် ဥပဒေများ အတည်ပြုပြဋ္ဌာန်းခြင်း၊ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင်‌့ တရား စီရင်ရေးမဏ္ဍိုင်ဆိုသည့် မဏ္ဍိုင်ကြီး(၃)ရပ်အတွင်း ဆောင်ရွက်ချက်များအပေါ် အပြန်အလှန် ညှိနှိုင်း ထိန်းကျောင်းခြင်း၊ နိုင်ငံတော်၏ အရအသုံး ဘတ်ဂျက်ကို စိစစ်ခွင့်ပြုခြင်း များ ဆောင်ရွက် ရပါကြောင်း၊ လွှတ်တော်က ချမှတ်ထားသော “ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက် ” ဆောင်ပုဒ်သည် လွှတ်တော်၏ မူဝါဒပင်ဖြစ်ကြောင်း၊ လွှတ်တော်၏မူဝါဒနှင့်အညီ နည်းလမ်း (၃)ခုဖြစ် သည်‌့ ပြည်သူ များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရေး အတွက် မေးခွန်း များ မေးမြန်းခြင်း၊ အဆိုများ တင်သွင်း ဆွေးနွေး ဆုံးဖြတ်ခြင်း၊ ဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

ယင်းလုပ်ငန်းများ ဆောင်ရွက်သည့်နည်းတူ လွှတ်တော်အတွင်း၌ ဦးစားပေးလုပ်ငန်းများအဖြစ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင်‌့မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒပြုရေး လုပ်ငန်းသည် လွှတ်တော်၏ အဓိကတာဝန်ဖြစ်သည်နှင်‌့အညီ ဥပဒေများ ပြဋ္ဌာန်းရာ၌ ပြည်သူများ၏ အကျိုးစီးပွား မြှင်‌့တင်နိုင်ရေးနှင်‌့ ပြည်သူများ လိုက်နာနိုင်သော ဥပဒေဖြစ်ရေး အလေးထား ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ လွှတ်တော်များကို ပြည်သူ့ကိုယ်စားလှယ်များဖြင်‌့ ဖွဲ့စည်းထားခြင်းဖြစ်၍ ပြည်သူ့ အကျိုးစီးပွားဖြစ်ထွန်းစေသော ဥပ‌ဒေများကိုသာ ပြဋ္ဌာန်းပေးရမည်ဖြစ်ကြောင်း။

လွှတ်တော်ရပ်နားထားစဉ် ကာလအတွင်း တိုင်းဒေသကြီးနှင်‌့ပြည်နယ်များသို့ သွားရောက်၍ ပြည်သူများနှင်‌့ တိုက်ရိုက်တွေ့ဆုံပြီးပြည်သူ့ အသံများကို နားထောင်ကာ လွှတ်တော်အတွင်းသို့ သယ်ဆောင်၍ အဆိုများ၊ ဥပဒေများ ဖြစ်ပေါ်လာသည်အထိ လုပ်ဆောင်လျက် ရှိပါကြောင်း၊ ပြည်သူ့ အကျိုးစီးပွားကို အဓိကထား ဆောင်ရွက်ပေးကြမည့် လူမှုအဖွဲ့အစည်းများအနေဖြင်‌့ ပြည်သူနှင်‌့ အစိုးရကြား အဆင်ပြေချောမွေ့အောင် ပြည်သူ့ အကျိုးအတွက် ဆောင်ရွက်သင်‌့သည့် လုပ်ငန်းများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြကြရန် ဖိတ်ခေါ်ပါကြောင်းဖြင်‌့ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့ အစည်းများမှ တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်အစည်း အရုံးနှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်တို့မှ ကိုယ်စားလှယ်များက နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များနှင်‌့ ပြည်သူများ၏ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင်‌့ဆွေ က ယနေ့တွေ့ ဆုံပွဲတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လူမှုအဖွဲ့အစည်းအားလုံးနီးပါးကို ဖိတ်ကြားပြီး ဆွေးနွေးခြင်းဖြစ်သကဲ့သို့ တင်ပြကြသည့် အချက်အလက်များသည်လည်း တိုင်းဒေသကြီးအတွင်း လိုအပ်ချက်များနှင့် ဆက်လက်လုပ်ဆောင်သွားရမည့်လုပ်ငန်းများ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊
တင်ပြချက်များအနက် ပြည်ထောင်စုအဆင့်က ဆောင်ရွက်ရမည့် လုပ်ငန်းများ ပါဝင်သကဲ့သို့ အချို့တင်ပြချက်များသည် တိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်ဆောင်ရမည့် အပိုင်းဟူ၍ တွေ့ရှိရ ပါကြောင်း။

ကျေးရွာချင်းဆက်လမ်းကဲ့သို့သော ဒေသဖွံ့ဖြိုးရေး တင်ပြချက်များသည် တိုင်းဒေသကြီး အစိုးရ အဖွဲ့က ဆောင်ရွက်ပေးရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ကျူးကျော် အိမ်ယာများနှင့်ပတ်သက်၍ ဥပဒေနှင့် အညီ ဆောင် ရွက်နေခြင်းဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရာတွင် သတ်မှတ် ထားသည့် အချိန်အခါအလိုက် ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ လုပ်ဆောင်ရာတွင်လည်း လုပ်၍ရသည့်အပိုင်းရှိသကဲ့သို့ လုပ်၍မရသည်များလည်း ရှိပါကြောင်း၊ အချိန်အခါတစ်ခုကို စောင့်ဆိုင်းပြီးအချို့ကိစ္စရပ်များသည် ညှိနှိုင်းဆောင်ရွက်ရသကဲ့သို့ အချို့ညှိနှိုင်း၍မရသည့်ကိစ္စများကို ဥပဒေနှင့်အညီ ဆောင်ရွက်ရပါကြောင်း။

တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရေးအတွက် သတ်မှတ် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်နေပါကြောင်း၊ ယနေ့ တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်က ဆောင်ရွက် ရမည့်ကိစ္စများကို ထုတ်နှုတ်၍ ဆက်လက်တင်ပြပေးသွားမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး များတွင်လည်း ကိုယ်စားလှယ်များ၏ တင်ပြချက်များအပေါ် အစည်းအဝေးကာလအတွင်း ဆောင်ရွက်ပေးနိုင်သည် များကို ဆောင်ရွက်ပေးပြီး အချို့ကိစ္စရပ်များကို အစည်းအဝေးပြီးသည်နှင့် ဆက်လက်ဆောင်ရွက် ပေးနေပါကြောင်း၊ သို့သော်လည်း ပြည်ထောင်စုအဆင့်သို့တင်ပြရမည့် လုပ်ငန်းများဆိုလျှင် အချိန်ကာလတစ်ခု စောင့်ဆိုင်းရမည်ဖြစ်ကြောင်း၊ ရရှိသည့် ဘတ်ဂျတ် အပေါ်မူတည်ပြီး ဆောင်ရွက်ရခြင်းဖြစ်၍ ချက်ချင်းလုပ်ဆောင်၍မရနိုင်ပါကြောင်း၊ ယနေ့ တင်ပြချက်များကို မှတ်သားကာ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်းဖြင့် ရှင်းလင်း တင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း က မိမိတို့ လွှတ်တော် အပိုင်းနှင့် ပတ်သက်၍ လွှတ်တော်ခေါ်ယူ ကျင်းပရခြင်း ကိစ္စရပ်များတွင် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေအရ လွှတ်တော်ပုံမှန်အစည်းအဝေး တစ်ခုနှင့်တစ်ခု အကြား (၆)လထက် မပိုရပါကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌသည် အထူးအစည်းအဝေးနှင့် အရေးပေါ်အစည်းအဝေးကို ခေါ်ယူ ကျင်းပနိုင်ပါကြောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လွှတ်တော်အထူးအစည်းအဝေးနှင့် အရေးပေါ် အစည်းအဝေးကို အကြောင်းကြားပြီး အထူးအစည်းအဝေးနှင့် အရေးပေါ်အစည်းအဝေး ကျင်းပရပါကြောင်း၊ တိုင်းဒေသကြီး လူထုအကျိုးအတွက် အလျင်အမြန် ဆောင် ရွက်ရမည့်ကိစ္စများတွင် အထူးအစည်းအဝေး နှင့် အရေးပေါ် အစည်းအဝေး ကို ခေါ်ယူကျင်းပရခြင်း ဖြစ်ပါကြောင်း။

မိမိတို့လွှတ်တော်ကို ပြည်သူများက တိုင်ကြားစာများ ပေးပို့ခြင်း ရှိပါကြောင်း၊ ၂၀၁၁ ခုနှစ်တွင် တိုင်ကြားစာ အစောင်(၅၀)ခန့်၊ ၂၀၁၂ခုနှစ်တွင် အစောင်(၁၅၀)ခန့်၊ ၂၀၁၃ခုနှစ်တွင် အစောင်(၅၀၀) ကျော်၊ ယခု ၂၀၁၄ခုနှစ်တွင် အစောင်(၅၀၀)နီးပါး ရှိပါကြောင်း၊ ၎င်းတိုင်ကြားစာများကို သက်ဆိုင်ရာ ကော်မတီများသို့ပေးပို့ပြီး ဆက်လက် ဆောင်ရွက် လျက်ရှိ ပါကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အုပ်ချုပ်မှုနှင့် ဆိုင်သည့်ကိစ္စများကို အစိုးရအဖွဲ့သို့ပေးပို့ပြီး တရားရေးနှင့် ဆိုင်သည့် ကိစ္စများကို တိုင်းဒေသကြီး တရားလွှတ်တော်ချုပ်သို့ ပေးပို့ပါကြောင်း၊ ၎င်းတို့ထံမှ ပြန်ကြားချက်များကို သက်ဆိုင်ရာတိုင်ကြားသူ ပြည်သူ များထံ ပြန်လည်ပေးပို့ ဆောင်ရွက် လျက်ရှိပါကြောင

လွှတ်တော်ကော်မတီများ ဖွဲ့စည်းမှုနှင့်ပတ်သက်၍လည်း ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့၏ တောင်းဆိုချက်အရ မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များထံသို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် အကြံပြုချက်များပေး ပါရန် တောင်းဆိုခဲ့ပါကြောင်း၊ ကိုယ်စားလှယ်များ၏ အကြံပြုချက် များကိုစုစည်းပြီး မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့သို့ ပေးပို့သကဲ့သို့ မိမိတို့ကိုယ်တိုင်လည်း ဆွေးနွေးပွဲ ပြုလုပ်ပါကြောင်း၊ မိမိတင်ပြခဲ့သည့် လွှတ်တော် ကျင်းပရေးဆိုင်ရာကိစ္စနှင့် လွှတ်တော်ကော်မတီများ ဖွဲ့စည်းခြင်း ကိစ္စတို့နှင့် ပတ်သက်၍ ပြင်ဆင်ချက်များပေးပို့ခြင်း မရှိခဲ့ပါကြောင်းဖြင့် ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုလွှတ်တော်နာယက က ခြုံငုံသုံးသပ် ဆွေးနွေး ပြောကြားရာတွင် ယနေ့တင်ပြချက်များကို ပြန်လည်သုံးသပ်ရာ၌ အချို့ကိစ္စများသည် အဆင့်ဆင့်သော အုပ်ချုပ်ရေး အဖွဲ့များက ဆောင်ရွက်ရမည်ဖြစ်ပြီး အချို့ကိစ္စများသည် လွှတ်တော်များအပိုင်းက ဆောင်ရွက် ပေးရန်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးအပိုင်းက ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များသည် ထုတ်ပြန် ထားသော ဥပ‌ဒေများအရ ဆောင်ရွက် ပေးရန်ဖြစ်ကြောင်း၊ ဥပဒေပြုရန်လိုအပ်သည့် ကိစ္စရပ်များကို တိုင်းဒေသကြီး လွှတ်တော် နှင်‌့ ပြည်ထောင်စုလွှတ်တော်တို့က လုပ်ဆောင်ပေး ရမည်ဖြစ်ကြောင်း။

ယခု လွှတ်တော်သက်တမ်း (၄)နှစ်အတွင်း ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေပေါင်း (၁၂၆)ခု ပြင်ဆင်ရေးဆွဲ အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပြီး ဆွေးနွေးဆဲ ဥပဒေကြမ်း (၄၀)ခန့်ရှိကြောင်း၊ ဥပဒေများ ပြဋ္ဌာန်းရာတွင် ပြည်ထောင်စုအဖွဲ့ အစည်းဝင်များနှင်‌့ လွှတ်တော် ကိုယ်စားလှယ်များက ဥပဒေကြမ်း ကို တင်သွင်းခွင်‌့ရှိကြောင်း၊ ဥပဒေကြမ်း များအပေါ် စိတ်ဝင်စားသည့် မည်သည့် နိုင်ငံသား မဆို ပါဝင်ဆွေးနွေးအကြံပြုနိုင် ပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းထားသော ဥပ‌ဒေများသည် တရားမျှတမှု ရှိပြီး အများလိုက်နာနိုင်သော ဥပဒေ များ ဖြစ်ရန်လိုကြောင်း၊ ထို့ပြင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း၊ Treaty များနှင့်လည်း ကိုက်ညီရန်လိုကြောင်း၊ တည်ဆဲ ဥပဒေတစ်ရပ်ကို ပြင်ဆင် ပေးရန် လိုအပ်ပါက အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့ လွှတ်တော်တွင် တည်ဆဲဥပဒေများနှင်‌့ ပြဋ္ဌာန်းပြီး ဥပဒေများကို လိုအပ် ပါက ပြန်လည် ပြင်ဆင်ပေးသည့် သာဓကများ ရှိပါကြောင်း။

ယနေ့ခေတ်သည် ဒီမိုကရေစီစနစ်ဖြစ်သည်နှင်‌့အညီ ပြည်သူများ၏ အလိုကျ သက်ဆိုင်ရာ အဖွဲ့အစည်းများက အုပ်ချုပ်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်များက ပြည်သူ့ဆန္ဒ သဘောထားများနှင့် အညီ ပြည်သူတို့၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် ဥပဒေများ ပြဋ္ဌာန်းပေးရန်ဖြစ်ပြီး ယင်းဥပ‌ဒေများနှင်‌့အညီ အုပ်ချုပ်ရန်လိုကြောင်း၊ လွှတ်တော် သည် ပြည်သူ့ ကိုယ်စားလှယ်များဖြင်‌့ ဖွဲ့စည်းထားပြီး အပြန်အလှန် ထိန်းကျောင်းခြင်း များ ဆောင်ရွက်ရပါကြောင်း၊ လွှတ်တော်၏ လုပ်ငန်းများနှင့် စပ်လျဉ်း၍လည်း အုပ်ချုပ်ရေး အဖွဲ့များ၊ တရားရေးအဖွဲ့များက ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီ၊ မညီ ၊ ပြည်သူများ အကျိုးစီးပွား ဖြစ်ထွန်းခြင်း ရှိ၊ မရှိ တို့ကို ပြန် လည် ထောက်ပြရန် လိုကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပုဂ္ဂိုလ်များ အနေဖြင်‌့ ဥပဒေပြုရေးတွင် ပါဝင် ဆောင်ရွက်ခြင်းဖြင်‌့ ဥပဒေများ ပြဋ္ဌာန်းရာတွင် ပိုမိုမြန်ဆန် လွယ်ကူလာမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် လွှတ်တော်အတွေ့အကြုံ အားနည်းပြီး မိမိအပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ အပိုင်းကလည်း လွှတ်တော်အတွေ့အကြုံ နည်းကြပါကြောင်း၊ လွှတ်တော်များ ဖွဲ့စည်း ပေါ်ပေါက်လာပြီးနောက်ပိုင်း ယခင်ပြဋ္ဌာန်းထားသည့် ဥပဒေများကို ခေတ်စနစ်နှင်‌့ ညီညွတ်အောင် ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ရေးဆွဲခြင်းများ ဆောင်ရွက် ခဲ့ရပါကြောင်း၊ ပါတီစုံ ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်နှင်‌့ လိုက်လျောညီထွေမှု ရှိသည့် ဥပဒေများရှိရန် လိုပါကြောင်း၊ မိမိတို့နိုင်ငံကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မည် ဆိုလျင် တည်ဆဲဥပဒေများကို ပြုပြင်ပြောင်းလဲရန် လိုအပ်ပြီး ပြဋ္ဌာန်းပြီး ဥပဒေများ အသက်ဝင်လာအောင် နည်းဥပဒေ စည်းမျဉ်း စည်းကမ်းများ လိုအပ် မည်ဖြစ်ကြောင်း။

ပြီးခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အရေးကြီးအဆိုတစ်ခု တင်သွင်း ခဲ့ကြောင်း၊ ယင်းအဆိုတွင် နိုင်ငံံ့ဝန်ထမ်းများ ကိုယ့်ဂုဏ် ကိုယ့်သိက္ခာနှင်‌့အညီ လစာတိုးမြှင်‌့ရရှိရေး၊ အလုပ်သမားများ အနိမ့်ဆုံးလစာ သတ်မှတ်ရေး၊ တောင်သူ လယ်သမား အခွင်‌့အရေး ကာကွယ်ရေးနှင်‌့ အကျိုးစီးပွား မြှင့်တင်ရေးဥပဒေ အသက် ဝင်လာမှုရှိရေးနှင်‌့ နိုင်ငံရေး ဦးဆောင်ပုဂ္ဂိုလ်များ၏ ချီးမြှင်‌့ငွေပေးရေးကိစ္စရပ်များ ပါဝင်ကြောင်း၊ အဆိုပါ အကြောင်းအရာ(၄)ခုကို ဆောင်ရွက်ပေးနိုင်မည်ဆိုလျင် ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်လာ မည်ဖြစ်ကြောင်း၊ နိုင်ငံံ့ ဝန်ထမ်း၊ အလုပ်သမား၊ တောင်သူလယ်သမား၊ နိုင်ငံရေးဦးဆောင်ပုဂ္ဂိုလ်များ အားလုံးနှင်‌့ သက်ဆိုင်သည့် အဆိုဖြစ်ပါကြောင်း။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့ တစ်ခုတည်း ကိုသာ လွှဲထား၍ မရဘဲ လွှတ်တော်ကိုယ်စား လှယ် များနှင်‌့ ပြည်သူများ တွင်လည်း တာဝန် ရှိပါကြောင်း၊ မိမိအင်မတန် တွေ့ဆုံ ချင်သည့် လူမှုအဖွဲ့အစည်းများကို တွေ့ခွင်‌့ရသည့် အတွက် များစွာအကျိုးရှိပြီး တင်ပြချက်များအပေါ် မှတ်သားကာ ဆက်လက်ဆောင်ရွက် ပေး သွား မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီနှင်‌့ ဈေးကွက်စီးပွားရေးစနစ် ကျင်‌့သုံးပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ဖြစ်ထွန်း လာရေးအတွက် နိုင်ငံတော်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ် များနှင်‌့ ပြည်သူ များအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပါကြောင်းဖြင်‌့ ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုလွှတ်တော် နာယက သည် တက်ရောက် လာကြသော လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့သည်။

၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်