Skip to main content

ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာချွန်ယွီဟွာ ဦးဆောင်သောချစ်ကြည်ရေးအဖွဲ့ နေပြည်တော်သို့ရောက်ရှိ

 ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ဖိတ်ကြားချက်အရ  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ ချစ်ကြည်ရေးလည်ပတ်ရန် အတွက် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာ ချွန်ယွီဟွာ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ၁၈-၁-၂၀၁၅ ရက်နေ့နံနက် (၁၁)နာရီခွဲ တွင် နေပြည်တော်သို့ အထူးလေယာဉ်ဖြင့်ရောက်ရှိလာကြသည်။

 ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြကြောင်း။

 ညပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးဆောင် သောအဖွဲ့အား ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအသင်းက နေပြည်တော် ဟိုတယ်ဇုန်ရှိ Royal ACE ဟိုတယ်၌  ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း။

အဆိုပါညစာစားပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ  ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌများ ဖြစ်သော ပြည်သူ့ လွှတ်တော် တိုင်းရင်းသားရေးရာ ကျေးလက်လူမှုဘဝမြှင့်တင်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အမျိုးသား လွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်ရွှေနှင့် ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်