Skip to main content

ပြည်သူ့လွှတ်တော် ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်း ကမ္ဘာ့ဘဏ်အဖွဲ့မှ Mr. Shabih Mohib အားလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်း သည် ကမ္ဘာ့ဘဏ်အဖွဲ့မှ Mr. Shabih Mohib ဦးဆောင်သော အဖွဲ့အား ၂၀၁၄ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် (၈း၃၀) အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အမှတ်(၁)၌ လက်ခံ တွေ့ဆုံပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်းနှင့်အတူ အတွင်းရေးမှူး ဦးဝင်းမြင့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဖြိုးမင်းသိန်း၊ ဒေါ်ခင်စန်းလှိုင်၊ ဦးကျင်ဝမ်း၊ ဦးသန်းဝင်း၊ ဦးကျော်ခိုင်ဝင်းနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါတွေ့ဆုံပွဲတွင် ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင် သောင်းမှ ကမ္ဘာ့ဘဏ်ဖွဲ့အနေဖြင့် မြန်မာနိုင်ငံဘဏ်များနှင့် မိမိတို့ လွှတ်တော် ကော်မတီအပေါ် လိုအပ်မည့်နေရာများတွင် စာရင်းစစ်နည်းပညာများနှင့် ဘဏ်စနစ်ဆိုင်ရာ ကိစ္စရပ်များတွင်  ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာဆွေးနွေး ခဲ့ကြသည်။

 ၂၀၁၅ခုနှစ်  ဇန်နဝါရီ လ ၂၁ ရက်