Skip to main content

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် 24 Hour Mining & Industry Co.,Ltd အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် 24 Hour Mining & Industry Co., Ltd အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် နေပြည်တော်ရှိ  လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေး ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် 24 Hour Mining & Industry Co.,Ltd မှ Clean Coal Technology တွင် အမြင့်ဆုံး ဖြစ်သော Ultra Super Critical ခေတ်မီနည်းပညာများ အသုံးပြု၍ တည်ဆောက် အကောင်အထည် ဖော်ဆောင်ရွက်မည့် 660 MW – Yanmazu Coal Fired Power Plant စီမံကိန်း အခြေအနေဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ မတ်လ ၈ ရက်