Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ပြည်သူ့လွှတ်တော်၌ ဖွဲ့စည်းထားသည့် ဥပဒေရေး ရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့ နယ်၊ အင်းယားလမ်း၊ အမှတ် (၅၉) ရှိ လွှတ်တော်ရုံးခွဲ (ရန်ကုန်) ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက်