
ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုး တက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်သည် WESTMINISTER FOUNDATION FOR DEMOCRACY (WFD) အဖွဲ့အား ယနေ့ နေ့လယ် ၁၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် WFD အနေဖြင့် လွှတ်တော်လုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ အကူအညီပေးမည့် အစီအစဉ်များနှင့် လွှတ်တော်များ၏ ဥပဒေပြုရေးအခန်းကဏ္ဍ မြှင့်တင်နိုင်ရန်နှင့် လွှတ်တော်ကိုယ်စားလှယ်များ နှင့် လွှတ်တော်အထောက်အကူပြု ဝန်ထမ်းများအား အတွေ့အကြုံနှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်လိုသည့် ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသ့ို အတွင်းရေးမှူး ဦးတင်ထွန်းနိုင် နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်