Skip to main content

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ဖလုံ၊ စဝေါ်ဒီမိုကရက်တစ်ပါတီမှ ဖတ်ကြားသည့် စာတမ်း

လူသားတို့သည် တူညီသော လွတ်လပ်သော လူမှုဘဝ၏ မြင့်မြတ်ခြင်းလည်းကောင်း၊ တူညီသော လွတ်လပ်သော လူမှုဘဝ၏ အခွင့်အရေးများဖြင့်လည်းကောင်း လူသားအဖြစ် ဖွားမြင် လာခဲ့သူများဖြစ်ကြသည်။ ထိုသူတို့၌

(က) ဝေဖန်ပိုင်းခြားတတ်သော ဉာဏ်နှင့်

(ခ) ကျင့်ဝတ်သိက္ခာသိတတ်သော စိတ်များရှိကြသည်။

ထို့ကြောင့် ထိုသူတို့သည် အချင်းချင်မေတ္တာထားကြ၍ လောကသာယာရေးနှင့် ဘဝ သာယာရေးအတွက် မြင့်မြတ်သောသင်္ဂဟ ဓမ္မဖြင့် ဆက်ဆံကျင့်သုံးနေထိုင်ကြပါသည်။

အခွင့်အရေးကိုစောင့်ထိန်းခြင်း

ကမ္ဘာပေါ်ရှိလူသားအပေါင်းတို့သည် အခွင့်အရေးနှင့် လွတ်လပ်မှုအပေါင်းကို ပိုင်ဆိုင်ခံစားခွင့် ရှိကြသည်။ လူမျိုး၊ အသားအရောက်၊ သွေးသား၊ ကျား/မ၊ သဘာဝ၊ ဘာသာစကား၊ ကိုးကွယ်ခံယူခြင်း၊ နိုင်ငံရေးခံယူချက်များ စသည့်ဖြင့် ခွဲခြားခြင်းမရှိရ။ ထို့ပြင် လူတစ်ဦးတစ်ယောက်၏ နေထိုင်ရာနိုင်ငံ၊ နယ်မြေဒေသတို့၏ နိုင်ငံရေးဆိုင်ရာသည်လည်းကောင်း၊ယင်း၏ တရားစီရင်ပိုင်ခွင့် ဆိုင်ရာသည်လည်းကောင်း၊ တိုင်းပြည်အချင်းချင်းဆက်ဆံရာတွင်လည်းကောင်း၊ အဆင့်အတန်းကို သော်လည်းကောင်း၊ အချုပ်အခြာအာဏာပိုင်မှုကိုလည်းကောင်း၊ ယင်းကိစ္စအားလုံးကို ခွဲခြား ဆက်ဆံခြင်းမပြုရ၊ လူတိုင်း၌ မည်သူမဆိ ဘဝတစ်ခုရသည်။ ထိုအခွင့်အရေးမျးကို မပျက်စီး မဆုတ်ယုတ်နိုင်အောင် လူသားတိုင်း၌ ထိန်းသိမ်းစောင့်ရှောက်ရသော တာဝန်ရှိသည်။ ထိုတာဝန်ကို လူတိုင်းလေးစားမြတ်နိုးတန်ဖိုးထားရမည်။ လိုက်နာကျင့်သုံးကြရမည်။

အခြေခံလူ့အခွင့်အရေးကိုလိုက်နာ

လူမှုအခွင့်အရေးဆိုင်ရာ၊ ကမ္ဘာ့အဓိဋ္ဌာန်ပြုကြေညာစာတမ်း၊ ကြေညာချက် နိဒါန်း၌ “လူခမ်းသိမ်း၏ မျိုးရိုးဂုဏ်သိက္ခာနှင့်တကွ လူတိုင်းအညီအမျှခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိအမှတ်ပြုခြင်းသည် လူခပ်သိမ်းလွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း” အတိအလင်းကြေညာချက်ရှိသည့်အတိုင်း ယနေ့လူသားအပေါင်းသည် လူသားတိုင်း၌ လွတ်လပ်မှု၊ တရားမျှတာမှုနှင့် ငြိမ်းချမ်းမှုအခြေခံ လူ့အခွင့်အရေးဆိုင်ရာတရားများ ခံစားကြရပါသလား မေးခွန်းဖြစ်လာသည်။ လူသားတို့၏ အခွင့်အရေးကို အရေးမထား၊ မထီလေးစားပြုခြင်းသည် အာဏာရှင်စနစ်ကို နည်းသစ်များဖြင့် ဆောင်ရွက်မှုသာဖြစ်သည်။ အာဏာ ရှင်နိုင်ငံရေးဝါဒကို လေးစားတန်ဖိုးထားမှုသည် ဒီမိုကရေစီနှင့် လူအခွင့်အရေးများကို ဖျက်ဆီးခြင်းနှင့်တူသည်။ ထိုအပြုအမူသည် နိုင်ငံရေး လွတ်လပ်ခွင့်နှင့် လူတို့၏ လွတ်လပ်ခြင်း အခွင့်အရေးကို ဖျက်ဆီးခြင်းဖြစ်သည်။

မကောင်းမှုဖြင့်ရှောင်ကြဉ်

ယနေ့ လူ့အဖွ့ဲအစည်းအသီးသီးတွင် ကိုယ်ပိုင်အမြင်၊ ကိုင်ပိုင်အတွေး၊ ကိုယ်ပိုင်ခံယူချက်များရှိကြသည်။ ကိုယ်ပိုင်အမြင်၌ လွတ်လပ်မှုမရှိပါက ဆင်းရဲမှုများပြားသည်။ ကိုယ်ပိုင်အတွေးသည်လည်း တားဆီးမှုများပြားစွာပြုလုပ်ပါက လူမှုဘဝဆုတ်ယုတ်မည်။ သုံးပါးမြောက်ဖြစ်သော ကိုယ်ပိုင်ခံယူချက်အား ဟန့်တားနှောက်ယှက်မှုပြုမိပါက ကမ္ဘာ့လူမှု့အခွင့်အရေးအရာ၌ ကြမ်းတမ်းမှုများစွာ ကြုံတွေ့ရမည်။ အမြင်၊အတွေး၊ခံယူချက်တရားများ၊ လွတ်လပ်မှု၊ မျှတမှု၊ငြိမ်းချမ်းမှုရှိရန် နိုင်ငံရေးအရာ၌ ဥပဒေဖြင့်တည်ဆောက်ထားသော ဒီမိုကရေစီအုတ်မြစ်ကောင်းရှိဖို့လိုပါတယ်။ ဒီမိုကရေစီနိုင်ငံရေးသည် မှန်ကန်သောမူူဝါဒ နည်းလမ်းရှိရန်လိုသည်။လူမှုအဖွဲ့အစည်း၌ ပဋိပက္ခနှင့် ပြဿနာများထူပြောလာနေသည်ကြောင့် စည်းလုံးညီညွတ်မှု မပြိုကွဲအောင် ဓမ္မဖြင့် တည်ဆောက်ရမည်။ လူမှုရေးအဆောက်အအုံတိုင်းအတွက် ကြီးမားသောအန္တရာယ်များ မကျရောက်နိုင်ရန်အတွက် မညီညွတ်မှု၊ပြိုကွဲမှု၊အတ္တဆန်မှုများအား ရှောင်ရန်နှင့် အထူးသဖြင့် ရှောင်ကြဉ်ရန် လိုအပ်ပေသည်။

ပြောင်းလဲမှုပြဿနာ

လူသားတိုင်းအခွင့်အရေး၊အခွင့်အလမ်းမဆုံးရှုံးရန်အတွက် လွှဲမှားသည့်တိုးတက်မှု၊ စီးပွားရေး၊လူသားတို့ယဉ်ကျေးမှုတရားကို အခြေမပြုသည့်နိုင်ငံရေး၊ အတ္တဆန်မှု၊ ပြိုင်ဆိုင်မှု၊ မလျော် သြဇာလွှမ်းမိုးမှု၊ ညီညွှတ်မှုတရားကိုပျက်စီးစေသည့် ရှုပ်ထွေးမှုများကို ညီမျှသော ကြိုးစားအားထုတ်ခြင်းဖြင့် ကြိုးစားအားထုတ်ပေးရမည်။ တိုးတက်ပြောင်းလဲလာသော ဖွံ့ဖြိုးမှုတို့သည် သမလောဘဖြင့် ပြောင်းလဲလာခြင်းမဟုတ်ဘဲ ယှဉ်ပြိုင်အနိုင်ယူခြင်းနှင့် ရန်လိုမုန်းတီမှုဖြင့်သာ ပြောင်းလဲတိုးတက်လာသည်ကို တွေ့ရသည်။ ဤပြုမူမှုတို့ကြောင့် ရာသီဥတုဖောက်ပြန်ခြင်း၊ သစ်တောပြုန်းတီးခြင်း၊ ရေထုညစ်ညမ်းအဆိပ်ဖြစ်ခြင်း၊မျိုးရိုးဗီဇပျက်သုံးခြင်းနှင့် ယဉ်ကျေးမှုတရား ပျက်ပြားခြင်းများဖြစ်လာသည်။ ဤသို့ဖြစ်ရခြင်းသည် ယှဉ်သည့်နည်းပညာရပ်ကြောင့် သို့မဟုတ် မမှန်ကန်သော စီးပွားရေး၊ နိုင်ငံရေးစနစ်ပြောင်းလဲမှုအမျိုးမျိုးတို့ကြောင့် ဆိုးကျိုး အမျိုးမျိုး ခံစားကြရသည်။ ဤ ဆိုးကျိုးများကို အကျိုးကောင်းဟူ၍ မမှတ်ယူထိုက်ပါကြောင်း တိုက်တွန်းသည်။

မေတ္တာကမ္ဘာဖြင့်တည်ဆောက်

ဆိုးကျိုးပေးမှုများပြားလာသည့် လူမှုရေးလောက၌ ခွဲခြားဆက်ဆံသော အယူအဆများလည်း များပြားနေသေးသည်။ တရားလက်လွတ်နှိပ်စက်က လူမှု၊ မတရားစွာ အုပ်စိုးမှုနှင့် ဖိစီးညှင်းပန်းနှိပ်စက်မှုများများပြားလာသည်ကြောင့် လက်နက်ကိုင်တော်လှန်ခြင်း၊ပုန်ကန်ခြင်း၊ အချင်းချင်းညှင်းပန်းနှိပ်စက်ခြင်း၊ ရက်စက်ကြမ်းကြုတ်စွာ သနားကြင်နာမှုကင်းကြခြင်းနှင့် ယုတ်မာစွာ အပြစ်ပေးခြင်းများ ပြုလုပ်ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် ဥပဒေဖြင့် ထိန်းသိမ်းကာကွယ်ခြင်း မဟုတ်ဘဲ လူမှုရေးလောကကို ပျက်ဆီးသည်မည်၏။ ထို့ကြောင့် ယနေ့ကမ္ဘာတွင်

 (က) တူညီသောလွတ်လပ်သည့် အခွင့်အရေးပေးမှု

(ခ) ဉာဏ်နှင့် သိတတ်သည့် ကျင့်ဝတ္တရားကျေပွန်မှု

(ဂ) အချင်းချင်းမေတ္တာရှေ့ထားမှုဖြစ်ကြလျက် မေတ္တာကမ္ဘာဖြင့် တည်ဆောက်ကြရမည်။

လူတိုင်း၌ လူ့ဘဝအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေးနှင့် လုံခြုံစိတ်ချမှုအခွင့်အရေးရှိရမည်။ မည်သူ့ကိုမျှ ညှဉ်းပန်းနှိပ်စက်ခြင်းမပြုရ။ ရက်စက်ကြမ်းကြုတ်စွာ၊ အသနားကင်းမဲ့စွာ၊ ယုတ်မာစွာမပြုရ။ အပြစ်နှင့် မတူညီသော အပြစ်ဒဏ်များမပေးရ။ လူတိုင်းတွင် ဥပဒေအရာ၌ တူညီကြရမည်။ ဥပဒေ၏ အာဏာအတွက် ခြားနားခြင်းမရှိစေရ။ တူညီစွာခံစားပိုင်ခွင့်ရှိရမည်။ လူသားဝါဒကို ဖီဆန်၍ ခွဲခြားခြင်းမပြုရ။ မကောင်းသဖြင့် လှုံဆော်ခြင်း ကင်းလွတ်ရမည်။ အကာအကွယ်ကို တူညီစွာ ခံစားပိုင်ခွင့်ရှိရမည်ဖြစ်ပြီး

(က) လွတ်လပ်ရေး

(ခ) ညီညွတ်ရေး

(ဂ) မျှတရေးဟူသော တရားတော်သုံးပါးကို နှလုံးသွင်းနိုင်ကြလျက် တစ်ကမ္ဘာလုံး၌ ဒီမိုကရေစီနိုင်ငံရေး ကျင့်စဉ်ကောင်းများဖြစ်ထွန်းအောင်မြင်ပါစေဟု ဆန္ဒရှိုပါသည်။ လူတိုင်း၌ ဒီမိုကရေစီ တာဝန်ဝတ္တရားများ ကျေပွန်စွာအားထုတ်နိုင်ကြမည့်ဟု ယုံကြည်ပါသည်။