Skip to main content

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီတွင် “ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေကြမ်း”နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီတွင် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁  ရက်နေ့ နံနက် ၁၀ နာရီ အချိန်၌ လွှတ်တော် အဆောက်အအုံ၊ လွှတ်တော်ရေးရာဆောင် အမှတ် (I - 2)တွင် “ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ ကြမ်း” နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်က “၂၅.၈.၂၀၁၅ ရက်နေ့၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ ကြီးမှူးကျင်းပသည့် လွှတ်တော်ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ အစည်းအဝေး တွင် ပြည်သူ့ လွှတ်တော်အစည်းအဝေးကြီး ရပ်နားသော်လည်း ကော်မတီများအနေဖြင့် ပြည်သူ့ လွှတ်တော်တွင် ဆွေးနွေးရန်ကျန်ရှိသည့် ဥပဒေကြမ်းများကို စိစစ်ဆောင်ရွက်နိုင်ရန် လမ်းညွှန်မှုပြုခဲ့သဖြင့် မိမိတို့ကော်မတီ အနေဖြင့် ပြည်သူ့ လွှတ်တော်တွင် ဆွေးနွေးရန်ကျန်ရှိသော ဥပဒေကြမ်းများကို ဆက်လက် ဆွေးနွေးလျက်ရှိသောကြောင့် ယခုကဲ့သို့ အစည်းအဝေးဖိတ်ကြား၍ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် ကော်မတီ၊ ကော်မ ရှင်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် ယခုဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန် ဖြစ်ပါကြောင်း”ပြောကြားပါသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အတွင်းရေးမှူး ဦးစောလှထွန်းနှင့် ကော်မတီဝင်များ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးအေးဖေ၊ ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များဖြစ်သော ဒေါက်တာဝင်းသိမ်း၊ ဦးမြင့်ဆွေနှင့် ဦးဆန်းလင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

၂၀၁၅ ခုနှစ် သြဂုတ်လ ၂ ရက်