Skip to main content

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကိုယ်စား၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် IDEA (ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဆိုင်ရာ အကူညီပေးရေး နိုင်ငံ တကာအဖွဲ့အစည်း) မစ်ရှင်အကြီးအမှူး မစ္စတာ ဟောဟေဘာယာဒါးရ် ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကိုယ်စား၊ ပြည်သူ့လွှတ်တောနိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် IDEA (ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ ဆိုင်ရာ အကူအညီပေးရေး နိုင်ငံတကာ အဖွဲ့အစည်း)၊ အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ မစ်ရှင်အကြီးအမှူး မစ္စတာ ဟောဟေ ဘာယာဒါးရ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ နံနက် (၁၀း၁၅) နာရီ အချိန်တွင်  နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ၊ အဆောင်အမှတ် (I-1) ၌ လက်ခံတွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် Internation IDEA နှင့် ကနေဒါ ပါလီမန်ရေးရာ စင်တာမှ ပြည်သူ့လွှတ်တော် ဆိုင်ရာစစ်တမ်းကောက်ယူမှု ကနဦးလေ့လာတွေ့ရှိချက်များကို လာရောက်တွေ့ဆုံ ဆွေနွေး တင်ပြခဲ့ကြပါသည်။ 

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ရုံး ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးညီညီထွန်း၊ ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၄ ရက်