Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည် တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပ သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဖွင့်အမှာစကားပြောကြားရာတွင် မကြာမီပြန်လည်ကျင်းပမည့် (၁၃) ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးများတွင် မိမိတို့ မဖြစ်မနေ ပြဋ္ဌာန်းပေးရမည့် ဥပဒေများအပေါ် ပြန်လည် သုံးသပ်ရမည်ဖြစ်ကြောင်း၊ ကော်မရှင်အဖွဲ့ဝင်များ၏ စေတနာနှင့် အရည်အချင်းပေါ် မူတည်၍ လွှတ်တော်လုပ်ငန်းများ အောင်မြင်ရေးနှင့် ပြည်သူများအား အကျိုးပြုနိုင်ရေးအတွက် ယခု အစည်းအဝေးက အထောက်အကူပြုမည်ဟု ယူဆပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ၂၈-၉-၂၀၁၅ ရက် လွှတ်တော်ရုံးခွဲ (ရန်ကုန်) ကော်မရှင်တွင် ကျင်းပသော အစည်း အဝေးအမှတ်စဉ် (၈/၂၀၁၅) နှင့် ၈-၁၀-၂၀၁၅ ရက် နေပြည်တော်၌ ကျင်းပသော အစည်းအဝေး အမှတ်စဉ် (၉/၂၀၁၅) ၏ အစည်းအဝေး ဆုံးဖြတ်ချက်များကို ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် များက သက်ဆိုင်ရာကဏ္ဍအလိုက် သုံးသပ်ဆောင်ရွက်ပြီးသော ဥပဒေများ၊ ဆောင်ရွက်ရန် ကျန်သော ဥပဒေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး တက်ရောက် လာကြသူများက အထွေထွေဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် များ၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၁ ရက်