Skip to main content

ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပရန်ခေါ်ယူ

ပြည်သူ့လွှတ်တော်ရုံးမှ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက် ရက်စွဲပါစာ အမှတ်၊ ၀၂/ ပသ (စဝ) ၁ / ၂၀၁၅ - ၀၆၊ ကြေညာချက်အမှတ် (၄/ ၂၀၁၅)ဖြင့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပမည့် ရက်စွဲကို ထုတ်ပြန်ကြေညာလိုက်သည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေးအား ၁၃၇၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက် (၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်) တနင်္လာနေ့၊ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်းနှင့်           ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးတက်ရောက်ရန် နေပြည်တော် ရုံးအမှတ်(၂၀)၊ လွှတ်တော်ရုံးသို့ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် (စနေနေ့) ထက်မစော၊ နိုဝင်ဘာလ ၁၅ ရက် (တနင်္ဂနွေနေ့) ထက် နောက်မကျစေဘဲ သတင်းပို့ကြရန်ဖြစ်ကြောင်းပါရှိသည်။

 

 

 

 

 

   နေပြည်တော်သို့ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅  ရက် အရောက် သတင်းပို့ကြရန်

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ            ၁၆ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားပါသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဖိတ်စာလက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော် ရုံးအမှတ်(၂၀)၊ လွှတ်တော်ရုံးသို့ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် (စနေနေ့) ထက်မစော၊ နိုဝင်ဘာလ ၁၅ ရက် (တနင်္ဂနွေနေ့) ထက် နောက်မကျစေဘဲ သတင်းပို့ကြရန် ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်