Skip to main content

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်တို့ ဥပဒေအိမ် ဥပဒေပညာရပ်ဆိုင်ရာ အသင်းအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် အမျိုးသမီးနှင့် ကလေး သူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်တို့သည် ဥပဒေအိမ် ဥပဒေပညာရပ်ဆိုင်ရာ အသင်းအား ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌများနှင့်အတူ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဒေါက်တာ ဒေါ်ကြည်မို့မို့လွင်၊ ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်များနှင့် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဒေါ်ခင်စောဝေတို့ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်၊ ဩဂုတ်လ ၂၇ ရက်