Skip to main content

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင် ACE Data System Ltd မှ CEO ဦးဇော်မိုးသန့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် ACE Data System Ltd မှ CEO ဦးဇော်မိုးသန့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-8) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ACE Data System Ltd အဖွဲ့မှ Sustainable Development Group (SDG)၏ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်ပြီးစီးသော စွမ်းအင်လျှော့ချရေးစီမံကိန်း (Energy Saving Project) အခြေအနေများ၊ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းစဉ်များနှင့် ရေရှည်ဆောင်ရွက်လိုသည့် ကိစ္စရပ် များနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးပြီး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ပြန်လည်သုံးသပ် အကြံပြု ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးစိုးမင်း (ခ) ဦးအောင်ဇော်မြင့်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် ၊ ဩဂုတ်လ ၆ ရက်