Skip to main content

(Covid-19) ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask) များ လှူဒါန်းမှုအား လက်ခံရယူ

Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask) များ ပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် (C ဆောင်) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် Green Lotus Foundation မှ ဦးဆောင်၍ Action Aid Myanmar အသင်း၊ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး၏ ထောက်ပံ့မှုနှင့် ပြင်သစ်ဖွံ့ဖြိုးမှု အေဂျင်စီ (AFD) တို့မှ ပူးပေါင်း ကူညီမှု အစီအစဉ်ဖြင့် လွှတ်တော်ကိုယ်စားလှယ်များအသုံးပြုရန် ပြန်လည်လျှော်ဖွတ် သုံးစွဲ နိုင်သော အဝတ်နှာခေါင်းစည်း(Mask) (၁၀၀၀) ခန့်အား ပေးအပ်လှူဒါန်းရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးမြစိန်၊ ဦးကျော်ဆွေဝင်း(ခ)ဦးအာလူးနှင့်အတူ ပြည်သူ့လွှတ်တော်ရုံး မှတာဝန်ရှိသူများက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၅ ရက်