Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် ကြိုဆိုနှုတ်ခွန်း ဆက်အမှာစကား

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို တက် ရောက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကျန်းမာ၊ ချမ်းသာ ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ကြိုဆိုနှုတ်ခွန်းဆက်သလိုက် ပါတယ်။ ဒီအစည်းအဝေးကာလအတွင်းမှာ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် အတွက် အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်းနဲ့ ပြည်ထောင်စု၏အခွန်အကောက် ဥပဒေကြမ်း စတဲ့ ဥပဒေကြမ်းများကို ကန့်သတ်ကာလအတွင်းမှာ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရမယ့် တာဝန်တွေလည်း ရှိနေပါတယ်။ ပြည်သူ့လွှတ်တော်မှာ ဆောင်ရွက်ရန်ရှိတဲ့ ဥပဒေကြမ်းများ၊ အဆိုနဲ့ မေးခွန်းများကို ယခင်ပုံမှန် အစည်းအဝေးများအတိုင်း မျှမျှတတထည့်သွင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယနေ့အချိန်ထိ မိမိတို့နိုင်ငံအနေနဲ့ (Covid-19)ကပ်ရောဂါကို အတိုင်းအတာ တစ်ခုထိ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်တာကိုတွေ့ရှိရမှာ ဖြစ်ပါတယ်။ သို့သော်လည်း ကိုယ်စားလှယ်များအနေနဲ့ ပေါ့ဆမှုမရှိဘဲ ကပ်ရောဂါကာကွယ်ရေး နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်သွားကြဖို့နဲ့ ယခုအကြိမ်အစည်းအဝေး ကာလကို အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားရင်း ကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

 

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၃ ရက်