Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

( ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ   ရက် )

 

၁။     ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၀၂၀  ပြည့်နှစ်၊ ဇွန်လ ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၀ )ဦး အနက် ( ၃၉၅ )ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ဦးစိုင်းထွန်းစိန်၊ မိုင်းပျဉ်းမဲဆန္ဒနယ်က တင်သွင်းသည့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၅ အရ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအား တာဝန်မှ ရုပ်သိမ်းရန် အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၂၄)ဦးက ဆွေးနွေးပြီး အဆိုအား ဆက်လက်အရေးယူ ဆောင်ရွက်ရန် သင့်၊ မသင့်ကို စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခဲ့ရာ ထောက်ခံ ဆန္ဒမဲ ၁၃၂ ရရှိသည်။ ကတိသစ္စာပြုပြီးသည့် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရေ၏ အနည်းဆုံး သုံးပုံနှစ်ပုံဖြစ်သော (၂၈၇) ဦးမပြည့်သဖြင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၉၊ နည်းဥပဒေခွဲ(က)အရ အဆိုအား အရေးယူဆောင်ရွက်ရန်မရှိကြောင်း ကြေညာခဲ့သည်။

    ၃။      ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို နေ့လယ် ၂ နာရီ ၂၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာခဲ့သည်။