Skip to main content

အမည်

ဦးဖြိုးဇေယျာသော်

အခြားအမည်

ဇေယျာသော်

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်

၁၂/လသန(နိုင်)၀၁၇၁၄၂

မွေးသက္ကရာဇ်/အသက်

၂၆-၃-၁၉၈၁/(၃၄)နှစ်

မွေးဖွားရာဇာတိ

ရန်ကုန်မြို့

ပညာအရည်အချင်း

B.A(English)

လက်ရှိအလုပ်အကိုင်

ဂီတအနုပညာသမား

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးမြသော် ၊ ၁၂/လသန(နိုင်)၀၁၂၄၁၀ ၊

ပါမောက္ခချုပ်(ငြိမ်း) ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်

(မန္တလေး)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်ဝင်းမေ ၊ ၁၂/လသန(နိုင်)၀၁၂၄၁၁၊ ကထိက  

ဌာနမှူး (ငြိမ်း) ၊ သွားနှင့်ခံတွင်းအထူးကုဌာန၊

ကုတင် (၃၀၀) သင်ကြားရေးဆေးရုံ(မန္တလေး)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ        

အမှတ်(၃၅၅) ၊ ဗိုလ်အောင်ကျော်လမ်း ၊ ကျောက်တံတား

မြို့နယ်  ၊ ရန်ကုန်မြို့

 

ကိုယ်စားပြုပါတီနှင့် ပါတီတာ၀န်/ တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ဖြစ်စဉ်အကျဉ်းချုပ် (ယနေ့အထိ)

အခြေခံပညာကို ရန်ကုန်မြို့ အ.ထ.က(၆)ဗိုလ်တထောင်တွင် သင်ယူခဲ့ပြီး ၊ ရတနာပုံ အဝေးသင်တက္ကသိုလ် (မန္တလေး)မှ B.A(English)ဘွဲ့ ရရှိခဲ့သည်။

ရန်ကုန်မြို့တွင် ဂီတအနုပညာလုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသည်။

Generation Wave မျိုးဆက်သစ်လူငယ်များ စတင်ထူထောင်သူတစ်ဦးအပါအဝင် “ကမ်းလက်” သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးရေးနှင့် အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

Generation Wave ဖွဲ့စည်းခဲ့သည့်အတွက် အသင်းအဖွဲ့(၇/၈၈)၊ တရားမဝင်နိုင်ငံခြားငွေကိုင်ဆောင်မှု  (၂၄/၁)၊ ထောင်ဒဏ်(၄)နှစ် ပြစ်ဒဏ်ကျခံခဲ့ဖူးသည်။ နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်(၂၈/၂၀၁၁)အရ ကော့သောင်းထောင်မှ ပြစ်ဒဏ်လွတ်မြောက်ခဲ့သည်။