Skip to main content

အမည်

ဦးကျော်ခိုင်ဝင်း (ကွယ်လွန်)

အခြားအမည်

ဖိုးချို

လူမျိုး/ဘာသာ

ရှမ်း-အင်း/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်

၂/ ဖဆန (နိုင်)၀၀၅၆၄၁

မွေးသက္ကရာဇ်/အသက်

၁၈.၇.၁၉၆၆/ (၄၉)နှစ်

မွေးဖွားရာဇာတိ

လွိုင်ကော်

ပညာအရည်အချင်း

အ.ပ.ထ(က)၊ ဖွံ့ဖြိုးရေးသိပ္ပံကျောင်းဆင်း

လက်ရှိအလုပ်အကိုင်

ရောင်းဝယ်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးလှမောင်သိန်း (ကွယ်လွန်)

 

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်ညို (ကွယ်လွန်)

 

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သင်းသင်းလှိုင်၊ ၉/ဝတန(နိုင်) ၁၁၆၂၇၅၊ အလယ်တန်းပြ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁)    မောင်စိုင်းပိုင်သီဟ၊ ကျောင်းသား၊ ဟိုစဲ့-အထက

အမြဲတမ်းနေရပ်လိပ်စာ  

အထက ကျောင်းဝင်း၊ ဟိုစဲ့၊ မယ်စဲ့မြို့နယ်

ကိုယ်စားပြုပါတီနှင့် ပါတီတာ၀န်/ တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဖြစ်စဉ်အကျဉ်းချုပ် (ယနေ့အထိ)

ငယ်စဥ်က လွိုင်ကော် အ-လ-က(၃)ကျောင်းနှင့် ဖာဆောင်းမြို့အ-ထ-ကကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ စစ်ကိုင်းဖွံ့ဖြိုးရေး သိပ္ပံကျောင်းသို့ ဆက်လက် တက်ရောက် ခဲ့သည်။

ဝမ်ကန် အ-မ-ကကျောင်းတွင် မူလတန်းပြ ဆရာအဖြစ် ၁၉၈၈ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ လည်းကောင်း၊ ၁၉၉၁ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ မူလတန်းကျောင်းအုပ် ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၂ခုနှစ်မှစ၍ ဟိုစဲ့ကျေးရွာသို့ ပြောင်းရွေ့နေထိုင်ခဲ့သည်။ ၁၉၉၄ခုနှစ်မှ ယခုအထိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်း အတွင်းရေးမှူး နှင့် အမှုဆောင်အဖြစ် ထမ်းဆောင်ခဲ့သည်။

၁၉၉၆ခုနှစ် အောက်တိုဘာလ ၇ ရက်မှ ၁၂ရက်အထိ ဂျပန်-မြန်မာဒေသ ဖွံ့ဖြိုးမှု ဖလှယ်ရေး အစီအစဥ်ဖြင့်  ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည်။