Skip to main content

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း The World Bank မှ Dr. Nang Mo Khan ဉီးဆောင်သော အဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Dr. G Seng Taung ဉီးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း သည် The World Bank မှ Dr. Nang Mo Khan ဉီးဆောင်သော အဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Dr. G Seng Taung ဉီးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် ( I-13 ) အစည်းအဝေး ခန်းမ၌  လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘဏ်ချေးငွေ၏ ထပ်တိုးရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည့် လေးနှစ်ကြာ ကျန်းမာရေး စီမံကိန်းနှင့်စပ်လျဉ်းသည့် ကဏ္ဍများအားတင်ပြပြီး ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် ၊ မတ်လ ၁၈ ရက်