Skip to main content

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ နိုင်ငံတော် စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီမှ အဖွဲ့ဝင် ဦးဘိုဘိုငယ် ဦးဆောင်သော အဖွဲ့နှင့် နော်ဝေနိုင်ငံမှ ကျွမ်းကျင်ပညာရှင် Ms.Mette Agerup တို့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းသည် နိုင်ငံတော် စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီမှ အဖွဲ့ဝင် ဦးဘိုဘိုငယ် ဦးဆောင်သော အဖွဲ့နှင့် နော်ဝေနိုင်ငံမှ ကျွမ်းကျင်ပညာရှင် Ms.Mette Agerup တို့အား ယနေ့ မွန်းလွဲ ၃ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ရေနံစူးစမ်းရှာဖွေခြင်း၊ တူးဖော်စမ်းသပ်ခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာ ဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်းသည့် ဥပဒေရေးရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီ အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် ၊ ဖေဖော်ဝါရီလ ၂၇ ရက်