Skip to main content

ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်း ကျား၊မ တန်းတူရေး မဟာမိတ်အဖွဲ့မှ အရပ်ဖက် လူ့အဖွဲ့အစည်းငြိမ်းချမ်းရေးဖိုရမ် (CSFoP) ဖိုရမ်ညှိနှိုင်းရေးမှူး ဒေါ်အက်စ်ထုဆန် ဦးဆောင်သောအဖွဲ့အား လက်

ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်းသည် ကျား၊မ တန်းတူရေး မဟာမိတ်အဖွဲ့မှ အရပ်ဖက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ် (CSFoP) ဖိုရမ်ညှိနှိုင်းရေးမှူး ဒေါ်အက်စ်ထုဆန် ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက် ၈ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စရပ်များ၊ ကျား၊မ တန်းတူညီမျှရေးနှင့် အမျိုးသမီး အခန်းကဏ္ဍပိုမိုဖော်ဆောင်နိုင်ရေး ကိစ္စရပ်များအား  ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးအင်ထုံခါးနော်ဆမ်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

နေပြည်တော်၊ ‌ဖေဖော်ဝါရီလ ၂၄ ရက်