Skip to main content

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ ကနေဒါနိုင်ငံ၊ သံအမတ်ကြီး H.E. Mr. Francois Lafreniere အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ကနေဒါနိုင်ငံ၊ သံအမတ်ကြီး H.E. Mr. Francois Lafreniere အား ယနေ့ မွန်းလွဲ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး၊ လွှတ်တော်တွင်း အမျိုးသမီးများ၏အခန်းကဏ္ဍမြှင့်တင်ရေးဆိုင်ရာကိစ္စရပ် များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များ အရည်အသွေးမြှင့်တင်ရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆိုင်ရာ အတွေ့အကြုံများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။ 

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ရက်