Skip to main content

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ     ဥက္ကဋ္ဌ ဦးရန်လင်း ICCO Cooperation အဖွဲ့အားလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်း သည် ICCO Cooperation အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် စားနပ်ရိက္ခာဘေးကင်းလုံခြုံမှုမှသည် ပို့ကုန်မြှင့်တင်နိုင်မည့် သုတေသနရလဒ် များအား ဆွေးနွေးတင်ပြခြင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ အရည်အသွေးမြင့်မားရေးနှင့် ကုန်သွယ်မှု တိုးတက်စေရေးဆိုင်ရာ မူဝါဒရေးရာအကြံပြုချက်များနှင့် စိုက်ပျိုးရေးနှင့်ပတ်သက်၍ တောင်သူ အစုအဖွဲ့များဖွဲ့စည်းပြီး  စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌများနှင့်အတူ ကော်မတီအတွင်းရေးမှူး ဉီးမောင်မောင်ဉီးနှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလ ၄ ရက်