Skip to main content

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်းမှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

          ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် တို့သည် ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်းမှ ဦးမျိုးအောင်ထွေး ဦးဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။

          တွေ့ဆုံရာတွင် ရေနံစူးစမ်းရှာဖွေခြင်း၊ တူးဖော်စမ်းသပ်ခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် ဥပဒေရေးရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

          အဆိုပါ တွေ့ဆုံပွဲသို့ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊  လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်