Skip to main content

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့် ရန်ကုန်မြို့၊ အမေရိကန်သံရုံးမှ ပထမအတွင်းဝန် Ms. Amy Roth အားလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့် သည် ရန်ကုန်မြို့၊ အမေရိကန်သံရုံးမှ ပထမအတွင်းဝန် Ms. Amy Roth အား ယနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-6) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ အလုပ်သမားရေးရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ကော်မတီအနေဖြင့် တာဝန်ယူဆောင်ရွက်ရသည့် ဥပဒေရေးရာကိစ္စရပ်များ၊ ILO အဖွဲ့ အစည်းနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဦးစောတင်ဝင်း နှင့် ဦးဇော်မင်းသိန်း တို့ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်