Skip to main content

ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် မြန်မာနိုင်ငံ သံနှင့်သံမဏိလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဉီးဝင်းသိန်းဇော် သည် မြန်မာနိုင်ငံ သံနှင့်သံမဏိလုပ်ငန်းရှင်များ အသင်းမှတာဝန်ရှိသူများအား ယနေ့မွန်းလွဲ ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် မြန်မာနိုင်ငံ သံနှင့်သံမဏိလုပ်ငန်းရှင်များအသင်း၏ ရည်ရွယ်ချက်များ၊ မြန်မာ-တရုတ် သံနှင့်သံမဏိလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဇုန် အကောင်အထည်ဖော်ဆောင်မှုအခြေအနေနှင့် သံနှင့်သံမဏိ အခြေပြု စက်မှုဇုန်စီမံကိန်းနှင့် စပ်လျဉ်းသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်ဦးနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်