Skip to main content
ဒုတိယအကြိမ်

အမည်

ဦးမြတ်လေးဦး

အခြားအမည်

ဖိုးသားကြီး

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၈/ထလန(နိုင်)၀၀၁၈၉၃

မွေးသက္ကရာဇ်/အသက်

၁၀-၅-၁၉၆၇/(၄၈)နှစ်

မွေးဖွားရာဇာတိ

အမှတ်(၁)ရပ်ကွက်၊ ထီးလင်းမြို့

ပညာအရည်အချင်း

B.A(Philosophy)

လက်ရှိအလုပ်အကိုင်

တောင်သူ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးမြရွှေ၊ ၈/ထလန(နိုင်)၀၀၂၃၁၉၊ တောင်သူ

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်အောင်၊ ၈/ထလန(နိုင်)၀၀၂၃၅၃၊ တောင်သူ

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ထားမေ၊ ၈/ ထလန(နိုင်)၀၃၂၉၆၆၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်မင်းအုပ်စိုး၊ ၈/ထလန(နိုင်) ၀၅၃၁၁၅၊ ကျောင်းသား

(၂) မောင်မင်းပြည့်စိုး၊ ကျောင်းသား

(၃) မအေးရတီသင်း၊ ကျောင်းသူ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၁)ရပ်ကွက်၊ ထီးလင်းမြို့၊ မကွေးတိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ထီးလင်းမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို ၁၉၇၃ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ အ.မ.ကထီးလင်းမြို့တွင် စတုတ္ထတန်းအထိလည်းကောင်း၊ ၁၉၇၈ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ အ.ထ.က ထီးလင်းမြို့တွင် ဒသမတန်းအထိလည်းကောင်း ပညာသင်ယူခဲ့သည်။ ၁၉၈၅ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ မန္တလေးတက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး ဝိဇ္ဇာဘွဲ့(ဒဿနိက) ရရှိခဲ့သည်။ ၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဆိတ်သာမက်သနောစက်ရုံတွင် လည်းကောင်း၊ ၁၉၉၁ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ သစ်တောဦးစီးဌာန ထီးလင်းမြို့တွင် တောအုပ်တာဝန်ဖြင့်လည်းကောင်းလုပ်ကိုင်ခဲ့သည်။
၁၉၈၉ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ဝင်ရောက်ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ် ဇူလိုင်လကုန်အထိမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ဝင်အဖြစ် တာဝန်များထမ်းဆောင်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလတွင် တရားမဝင်သစ်ထုတ်ယူမှုနှင့်ပတ်သက်၍ မတရားအရေးယူခံရပြီးအလုပ်မှ ထုတ်ပယ်ခြင်းခံရသောကြောင့် နေပြည်တော်၊ ညွှန်ကြားရေးမှူးရုံးချုပ်သို့
ပြန်လည်ဖြေရှင်းသော်လည်းပယ်ချခြင်းခံခဲ့ရသည်။ ၁၉၉၄ - ၁၉၉၆ အပတ်စဉ် (၉၀)၊ မြန်မာနိုင်ငံသစ်တောကျောင်း ပြင်ဦးလွင်မြို့တွင် စံပြကျောင်းသားရွှေတံဆိပ်ဆုရရှိပြီးအဆင့်(၃)ဖြင့် အောင်မြင်ခဲ့ သည်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ဦးဆောင်ပါဝင်ခဲ့ခြင်း၊ ၁၉၈၉ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ဝင်ခဲ့ခြင်း၊ မြို့နယ်တွင်းစည်းရုံးရေး လုပ်ငန်းများ အထူးဆောင်ရွက်ခဲ့ခြင်းနှင့် ၂၀၁၂ ခုနှစ်မှ ယနေ့ထိအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌတာဝန်များ ဆောင်ရွက်လျက်ရှိသည်။