Skip to main content

အမည်

ဦးဖြိုးဇေယျာသော်

အခြားအမည်

ဇေယျာသော်

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/လသန(နိုင်)၀၁၇၁၄၂

မွေးသက္ကရာဇ်/အသက်

၂၆-၃-၁၉၈၁/(၃၄)နှစ်

မွေးဖွားရာဇာတိ

ရန်ကုန်၊ 

ပညာအရည်အချင်း

B.A(English)

လက်ရှိအလုပ်အကိုင်

နိုင်ငံရေးသမား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ပါမောက္ခဒေါက်တာမြသော်၊ ၁၂/လသန(နိုင်)၀၁၂၄၁၀၊ ပါမောက္ခချုပ်(ငြိမ်း)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါက်တာ ဒေါ်ခင်ဝင်းမေ၊ ၁၂/လသန(နိုင်)၀၁၂၄၁၁၊ သွားဘက်ဆိုင်ရာဆရာဝန်(ငြိမ်း)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မသင်းဇူလိုင်ကျော်၊ ၁၂/ဒဂန(နိုင်)၀၃၀၅၇၇၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

တိုက်(အေ)၊ အခန်း(၅၀၆)၊ (၅)လွှာ၊ ဗိုလ်မြတ်ထွန်းတာဝါ၊ မဟာဗန္ဓုလလမ်း၊ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ 

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဇမ္ဗူသီရိမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို၁၉၈၅ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိအ.ထ.က(၆)ဗိုလ်တထောင်တွင် သင်ယူခဲ့သည်။ ၁၉၉၉ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်ထိ မန္တလေးမြို့ ဆေးဝါး ကျွမ်းကျင်မှုတက္ကသိုလ်နှင့် ၂၀၀၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်တွင်မန္တလေး ရတနာပုံ အဝေးသင် တက္ကသိုလ်တို့တွင် တက်ရောက်ခဲ့သည်။ B.A(English)ဘွဲ့ ရရှိခဲ့သည်။ 
        အမှတ်(၃၅၅)ဗိုလ်အောင်ကျော်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ နှင့် လမ်း(၃၀)၊ ၇၃ x ၇၄ လမ်းကြားဆေးတက္ကသိုလ်ဝင်း မန္တလေးမြို့များတွင် နေထိုင်ခဲ့ပြီး ပြည်သူ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းမရှိပါ။
        Generation Wave မျိုးဆက်သစ်လူငယ်များ အစည်းအရုံး(ဥက္ကဋ္ဌ)၊ ကမ်းလက်သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးအဖွဲ့၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်နှင့် ပုဗ္ဗသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သည်။ 
        ၁၂-၃-၂၀၀၈    ခုနှစ်တွင် Generation Wave မျိုးဆက်သစ်လူငယ်များ အစည်းအရုံး ဖွဲ့စည်းထူထောင်မှုပုဒ်မ(၆/၈၈)အရ ထောင်ဒဏ်(၅)နှစ်၊ တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှုပုဒ်မ(၂၄/၁) အရ ထောင်ဒဏ်(၁)နှစ်၊ ပေါင်း(၆)နှစ် ချမှတ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် နိုင်ငံတော် သမ္မတရုံး အမိန့်ကြေညာချက်အမှတ် ၂၈/၂၀၁၁ အရ ၁၇-၅-၂၀၁၁ ရက်နေ့တွင် ကော့သောင်း အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။