Skip to main content

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အစ္စရေးနိုင်ငံသံအမတ်ကြီး H. E. Mr. Ronen Gilor အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ အစ္စရေးနိုင်ငံသံအမတ်ကြီး H. E. Mr. Ronen Gilor အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံစဉ် အစ္စရေး-မြန်မာနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက် မှုတိုးမြှင့် ဆောင်ရွက်သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အကူအညီပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊  ရေအရင်းအမြစ် အသုံးချရေး ကိစ္စရပ်များ၊ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရာက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်