Skip to main content
ဒုတိယအကြိမ်

အမည်

ဒေါက်တာလှမိုး

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၉/မရတ(နိုင်)၀၂၄၀၁၇

မွေးသက္ကရာဇ်/အသက်

ဆန်း ၁၀-၆-၁၃၃၀

မွေးဖွားရာဇာတိ

မန္တလေး

ပညာအရည်အချင်း

ပါရဂူဘွဲ့(Ph D)

လက်ရှိအလုပ်အကိုင်

ပြင်ပကျောင်းဆရာ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးငွေသောင်း၊ ၉/မရတ(နိုင်)၀၂၄၀၂၁၊ ဈေးသည်

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကြင်မြိုင် (ကွယ်လွန်)၊ ၉/မရတ(နိုင်) ၀၂၄၀၁၉၊ ဈေးသည်

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ဥမ္မာကျော်၊ ၉/မရတ(နိုင်)၀၀၀၁၆၇၊ စတိုးဆိုင်ပိုင်ရှင်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မမေမီမောင်မိုး၊ ၉/မဟမ(နိုင်)၀၅၅၈၁၉၊ကျောင်းသူ

(၂) မသဲအိရွှေစင်၊ ၉/မဟမ(နိုင်)၀၅၅၈၂၀၊ကျောင်းသူ

အမြဲတမ်းနေရပ်လိပ်စာ

အခန်း(၁)၊ တိုက်(၁)၊ ၃၈ နှင့် ၃၉ လမ်းကြား၊၇၃ လမ်း၊ အကွက်အမှတ်(၆၉၅)၊ မဟာနွယ်စဉ် ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊အောင်မြေသာဇံမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်ကအခြေခံပညာကို ၁၉၇၄ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိမန္တလေးမြို့ မဲဖလန်ဘ/က၊ အ.လ.က(၅)နှင့် အ.ထ.က(၁၃)တို့တွင် သင်ယူခဲ့သည်။ ၁၉၈၄ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိမန္တလေးတက္ကသိုလ် ရတနာဘုမ္မိနယ်မြေတွင် ဒုတိယနှစ် အထိတက်ရောက်ခဲ့သည်။ မန္တလေးတက္ကသိုလ်တွင် ၁၉၈၇ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ ရုက္ခဗေဒအထူးပြုတက်ရောက်ခဲ့ပြီး B.Scဘွဲ့နှင့် M.Scဘွဲ့တို့ကိုရရှိခဲ့သည်။ ၁၀-၆-၂၀၀၃ ရက်နေ့မှ ၁၉-၁၀-၂၀၀၄ ရက်နေ့အထိ ဂျာမနီနိုင်ငံ Marburg ရှိ Philipps University တွင် DAAD Sandwich Program သို့ တက်ရောက်ခဲ့ပါသည်။ ၂၀၀၅ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ Ph.Dဘွဲ့ရရှိခဲ့သည်။
၁၉၉၇ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိမန္တလေးတက္ကသိုလ် ရုက္ခဗေဒဌာနတွင် အချိန်ပိုင်း၊ သရုပ်ပြအဖြစ်လည်းကောင်း၊ ပခုက္ကူဒီဂရီကောလိပ်တွင် သရုပ်ပြအဖြစ် လည်းကောင်း၊ မန္တလေးတက္ကသိုလ် ရုက္ခဗေဒဌာနတွင် ၄-၈-၂၀၀၀ ရက်နေ့မှ ၃၀-၆-၂၀၀၅ ရက်နေ့အထိ သရုပ်ပြအဖြစ်လည်းကောင်း၊ ၁-၇-၂၀၀၅ ရက်နေ့မှ ၃၁-၁-၂၀၀၈ ရက်နေ့အထိ လက်ထောက်ကထိကအဖြစ်လည်းကောင်း၊ ၁-၂-၂၀၀၈ ရက်နေ့မှ ၉-၂-၂၀၁၀ ရက်နေ့အထိမြစ်ကြီးနားတက္ကသိုလ် ရုက္ခဗေဒဌာနတွင် လက်ထောက်ကထိက အဖြစ်လည်းကောင်း၊ ၁၇-၂-၂၀၁၀ ရက်နေ့မှ ၃-၉-၂၀၁၂ ရက်နေ့အထိ မန္တလေးတက္ကသိုလ်ရုက္ခဗေဒဌာနတွင် လက်ထောက်ကထိကအဖြစ် လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့သည်။ ၄-၉-၂၀၁၂ ရက်နေ့မှ ယနေ့အထိပြင်ပ သင်တန်းဆရာနှင့် စာရေးသားခြင်းများကိုဆောင်ရွက်လျက်ရှိသည်။ ပညာရေးနှင့်ပတ်သက်သည့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ သင်တန်းများပေးခြင်း၊ ဟောပြောပို့ချခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများတက်ရောက်ခြင်းများ ဆောင်ရွက်ခဲ့ သည်။