Skip to main content
GSM,CDMA Sim Cardများခွဲဝေချထားပေး မှုနှင့် စပ်လျဉ်းသည့်မေးခွန်း

ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်ကြီး ၁ ခုနှင့် မြို့နယ်ခွဲ ၂ ခု ရှိပါသည်။ မြို့နယ်ကြီး တွင် GSM Sim Card နှင့် CDMA-450 Sim Card ကို အသုံးပြု၍ ရပြီး မြို့နယ်ခွဲ ၂ ခုတွင် CDMA-450 Sim Card သာအသုံးပြု၍ရပါကြောင်း၊ Sim Card များ ခွဲဝေချထားရာတွင် GSM Sim Card များ သုံးစွဲ၍မရသော မြို့နယ်ခွဲ ၂ ခုတွင်ပါ GSM Sim Cardများခွဲဝေချထားပေးသည်ကို တွေ့ရှိရပါကြောင်း၊ သို့ပါ၍ မိမိအမြင် အရအောက်ခြေ ပြည်သူလူထုနှင့် နီးစပ်သောအဖွဲ့အစည်းမှ လူထုအတွေးနှင့် မကိုက် ညီသော ကိစ္စရပ်များကို သက်ဆိုင်ရာ အထက်အဖွဲ့အစည်း သို့ ပြန်လည်တင်ပြ သင့်သည်ဟု ယူဆပါကြောင်း၊ ထို့ပြင်  မလိုလားအပ်သောမှာင်ခိုဈေးကွက် များ ပေါ်ပေါက်စေနိုင်ပြါေ

ကမာရွတ်မြို့နယ်မှမော်တော်ယာဉ်အလုပ်သမားများ၊ အစုရှယ်ယာရှင်များ ပိုင်ဆိုင်သောမြေကွက် ၂ကွက်ကို လေလံတင်ရောင်းချခဲ့ခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ကမာရွတ်မြို့နယ်ရှိ အင်းစိန်မော်တော်ယာဉ်အသင်းသူ အသင်းသားများ၊ အစုရှယ်ယာရှင်များမှ တင်ပြလာသော ၎င်းတို့ပိုင်ဆိုင်သည့် မြေကွက်ကြီး ၂ ကွက်ကို လေလံတင်ရောင်းချသည့် ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာက မည်ကဲ့သို့ အရေးယူဆောင်ရွက်ထားကြောင်း သိရှိလိုသော မေးခွန်းနှင့် ပတ်သက်ပြီး မေးမြန်းမည်ဖြစ်ပါသည်။ အင်းစိန်မော်တော်ယာဉ် အသင်းကို ၁၉၅၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အင်းစိန်-ရန်ကုန် ဘတ်စ်ကားလိုင်း များကို ပြေးဆွဲဆောင်ရွက်ခဲ့ရာ အင်းစိန်မော်တော်ယာဉ် အသင်းအနေဖြင့် ကမာရွတ်မြို့နယ် အင်းစိန်လမ်းမကြီး အမှတ် (၂) ရပ်ကွက် မြေတိုင်းရပ်ကွက် အမှတ် (၇၆)၊ မြေကွက်အမှတ် (၉) ဧရိယာ ၁.၉၄၆ ရှိ မြေကွက်နှင့် မြေကွက်

(စ)-မာန်အောင် မြို့နယ်၊ သစ်ချောင်းနှင့် ကျီးချောင်းအဝင် ချောင်းအဝများအား မော်တော်နှင့်လှေများ အချိန်မရွေး ဝင်နိုင်/ထွက်နိုင်ရေးအတွက် ပြန်လည်တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

မာန်အောင်ကျွန်းသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အတွင်းတွင်ရှိပြီး မြန်မာနိုင်ငံတွင် ဒုတိယ အကြီးဆုံးကျွန်းတစ်ကျွန်းဖြစ်ပါကြောင်း၊ ဘင်္ဂလားပင်လယ်အော်ထဲတွင်ရှိပြီး ရေကြောင်းကိုအဓိက အား ထားသွားလာနေရသည့် ကျွန်းတစ်ကျွန်းဖြစ်ပါကြောင်း၊ မာန်အောင်ကျွန်း၏ အကျယ်အဝန်းသည် စတုရန်း မိုင် ၂၀၂ မိုင်ရှိပြီး ကျေးရွာအုပ်စု ၃၆ အုပ်စု၊ ကျေးရွာပေါင်း ၁၃၇ ရွာနှင့် မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက် ရှိပြါေ

(င)-ချမ်းအေးသာစံမြို့နယ် အတွင်းရှိ (၂၇)လမ်းအား (၇၈) လမ်းဘက်မှ မန္တလေးဘူတာ ပါဆယ် (၂) ယာဒ်ဝင်းကို ဖြတ်၍ (၇၉) လမ်းသို့ သွယ်တန်းချိတ်ဆက် ဖောက်လုပ် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

မန္တလေးမြို့တွင် လူဦးရေပေါင်း ၁၃၀၉၄၁၈ ဦးရှိသည့်အပြင် မန္တလေးမြို့ပေါ်မှ မော်တော်ယာဉ်ပေါင်း ၂၂၈၄၅၇ စီးနှင့် ဆိုင်ကယ်ယာဉ်ပေါင်း ၁၁၆၂၄၁၃ စီး၊ သုံးဘီးယာဉ်ပေါင်း ၂၇၇၇၇ စီး ထော်လာဂျီ ယာဉ်ပေါင်း ၂၁၃၀၈ စီးရှိပါကြောင်း၊ မီးရထားလမ်းနှင့် မန္တလေးဘူတာကြီးသည် မြို့လယ်တွင် ကန့်လန့်ဖြတ် တည်ရှိနေသည့်အတွက် ၄၂ လမ်းနှင့် ၃၅ လမ်းများသည် ကုန်းကျော်တံတား ဖောက်လုပ်ပြီး လမ်းပိတ်ဆို့မှုကို ဖြေရှင်းခဲ့ပါကြောင်း၊ မြို့၏တောင်ဘက်ခြမ်းရှိ အရှေ့နောက် လမ်းမျာြး

(စ)-စစ်တောင်းမြစ်နှင့် ခပေါင်းချောင်း ရေတိုက်စားမှုများကြောင့် ကမ်းပါးပြိုမှုကို ပြည်သူ့ဘဏ္ဍာငွေ အကုန်အကျသက်သာစေပြီး ကမ်းပါးပြိုကာကွယ်မှုများ များစွာ လုပ်ဆောင်နိုင်ရန်အတွက် တည် ဆောက်ရေး နည်းလမ်းကို ပြောင်းလဲရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

မိမိမဲဆန္ဒနယ်တွင် စစ်တောင်းမြစ်နှင့် ခပေါင်းချောင်း၏ ရေတိုက်စားမှုများကြောင့် မြစ်ကြောင်းနှင့်ချောင်း တစ်လျှောက်ရှိ ကမ်းပါးများပြိုကျခဲ့ပြီး နေရာအတော်များများတွင်ရှိသည့် လူနေအိမ်များသည် ပြောင်းရွှေ့ နေရသည့်အတွက် ထပ်မံပြိုကျပါက ပြေးစရာမြေမရှိပါကြောင်း၊ ကမ်းပါးတစ်လျှောက်ရှိ လမ်းများတွင် လည်း ဆိုင်ကယ်၊ ကားများနှင့် အသည်းတအေးအေးသွားလာနေရမှုများကို ကိုယ်တိုင်လည်းကြုံတွေ့ နေရပါကြောင်း၊