Skip to main content
(ဂ)-မင်းဘူး(စကု)မြို့နယ်တွင် လတ်တလောပြိုကျသော ဧရာဝတီမြစ်ကမ်းပါးများ ဆက်လက်မပြိုကျ နိုင်စေရေးအတွက် စက်ယန္တရားကြီးများဖြင့်‌ မြစ်ကြောင်းပြုပြင်ခြင်းများကို မည်သည့်‌အချိန်တွင် စတင်ဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင့်‌ စပ်လျဉ်းသည့်‌မေးခွန်း

မကွေးတိုင်းဒေသကြီးအတွင်း ဖြတ်သန်းစီးဆင်းသွားသည့် ဧရာဝတီမြစ်၏ မြစ်ကမ်းပါးပြိုနေမှုကြောင့် မြစ်ကမ်းဘေးများတွင် မှီခိုနေထိုင်ကြသည့် ကျေးရွာများမှ ဒေသခံပြည်သူများ၏ နေထိုင်ရေး၊ စိုက်ပျိုးရေးများအတွက် အခက်အခဲများကြုံတွေ့နေကြရပါကြောင်း၊ အထူးသဖြင့်‌ မင်းဘူး(စကု) မြို့နယ်ရှိ သနပ်ပင်စုကျေးရွာအုပ်စု၊ နိဗ္ဗာန်ကျွန်းကျေးရွာအုပ်စု၊ မန်းကြိုးကျေးရွာအုပ်စုနှင့် ရွာပုလဲကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူမျ

(ခ)-ပခုက္ကူမြို့နယ်တွင် လေယာဉ်ကွင်းဖောက်လုပ်ရန်အတွက် သိမ်းဆည်းပြီး လျော်ကြေးငွေပေးအပ်ခဲ့သော မြေယာများနှင့်ပတ်သက်၍ ယနေ့အချိန်ထိ လေယာဉ်ကွင်းသစ်တည်ဆောက်ခြင်း မရှိသေးသဖြင့် မည်သည့်ကာလတွင် တည်ဆောက်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်များတွင် ၂၀၀၂ ခုနှစ်က တောင်သူ ၁၅၇ ဦး၏ မြေယာများကို လေယာဉ်ကွင်း ဆောက်လုပ်ရန်ဆိုပြီး မြေယာဧက ၉၆၅.၃၆ ဧကကို လေယာဉ်ကွင်းဆောက်လုပ်ရန်အတွက် သိမ်းဆည်းခဲ့ပါကြောင်း၊ မူလသိမ်းဆည်းစဉ် ၉၆၅.၃၆ ဧကကို သိမ်းယူခဲ့သော်လည်း တကယ်တမ်း သိမ်းထားသည့် မြေပေါ်တွင် မြေဧက ၁၀၀ ကိုသာ အသုံးပြုပြီး လေယာဉ်ကွင်းကို ဆောက်လုပ်ခဲ့ပါကြောင်း၊ ကျန်ရှိသည့် ဧကများအတွက် မည်ကဲ့သို့ဆောင်ရွက်မည်ဆိုပြီး သိရှိရန်အတွ

(က)-ဗန်းမောက်-ဇလုံတောင်လမ်းပေါ်ရှိ တောင်တက်လမ်းပိုင်းတွင် ဆက်သွယ်ရေးကွန်ရက်လွှမ်းခြုံနိုင်ခြင်း မရှိသည့်အတွက် ဇလုံတောင်အနီးတွင် ဆက်သွယ်ရေးတာဝါတိုင်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

ဗန်းမောက်မြို့နယ်သည် လူဦးရေ ၁၁၀၀၀၀ ကျော်နေထိုင်လျက်ရှိပြီး တိုင်းရင်းသား ရှမ်းနီလူမျိုး၊ ကတူးလူမျိုး၊ ကဏန်းလူမျိုးများ နေထိုင်ရာဒေသ ဖြစ်ပါကြောင်း၊ မြို့နယ်အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၃၁၉.၇၇၉ ရှိပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အပြင် မိုဘိုင်းဆက်သွယ်ရေးစနစ်လည်း ခက်ခဲသော မြို့နယ်တစ်ခု ဖြစ်ခဲ့ပါကြောင်း၊ နိုင်ငံတော်မှ ဆောင်ရွက်ပေးမှုကြောင့် ယခင် CDMA အထိုင်ဖုန်းများအသုံးပြုနေရာမှ ယခုအခါ MPT ဆက်သွယ်ရေးစခန်း

မြင်းမူမြို့ ဆိပ်ကမ်းအား အဆင့်မီဆိပ် ကမ်းကောင်းတစ်ခုတည်ဆောက်ဆောင်ရွက်ပေး ရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
 

ယာဉ်မတော်မဆတိုက်ခိုက်မှုများနှင့်ပတ်သက် ၍ စနစ်တကျလေ့လာသုံးသပ်မှု၊လိုအပ်သည့်နည်း ဥပဒေများ၊ စည်းကမ်းသတ်မှတ်ချက်များထုတ်ပြန် မှုနှင့် စပ်လျဉ်းသည့် မေးခွန်း

ယာဉ်မတော်မဆတိုက်ခိုက်မှုများနှင့် ပတ်သက်၍ စနစ်တကျလေ့လာသုံးသပ်မှု၊ လိုအပ်သည့် နည်းဥပဒေများ၊ စည်းကမ်း သတ်မှတ်ချက်များထုတ်ပြန်မှု၊ အသက်(၄၀) အောက်ငယ်ရွယ်သူများနှင့် အတွေ့အကြုံနည်းသူများကို ယာဉ်ကြီးမောင်းနှင်ခွင့် လိုင်စင်ထုတ်မပေးရန် ကန့်သတ်မှုတို့နှင့် စပ်လျဉ်းသည့် မေးခွန်း