ဆောက်လုပ်ရေးဝန်ကြီးဌာန

(က)-ငပုတောမြို့နယ်ရှိ ပုသိမ်-သလပ်ခွာ-မော်တင်စွန်းလမ်းသို့ ဆက်သွယ်ထားသော ငရုတ်ကောင်း- ငရုတ်ကောင်း(တောင်)လမ်းအား ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အဆင့်တိုးမြှင့်ဖောက်လုပ်ပေးနိုင်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပြည်ထဲရေးဝန်ကြီးဌာန၏ ၁-၄-၂၀၁၄ရက်နေ့တွင် ထုတ်ပြန်သည့်ကြေညာစာအမှတ်၊ ၁၀၀/၂၂-၃၅၈ U ၁ အရ ငရုတ်ကောင်းမြို့နယ်အဆင့်သို့လည်းကောင်း၊ ကြေညာချက်အမှတ်၊ ၁၀၀/၂၄-၅၀ U ၁ အရ ငရုတ်ကောင်းမြို့ အဖြစ်သို့လည်းကောင်း တိုးမြှင့်ခြင်းခံခဲ့ရပါကြောင်း၊ ငရုတ်ကောင်းမြို့တွင် ကျေးရွာအုပ်စု ၁၁ အုပ်စု၊ ရပ်ကွက် နှစ်ခုရှိပြီး ကျေးရွာပေါင်း ၆၈ ရွာရှိပါကြောင်း၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းများအရ လူဦးရေ ၄၁၁၉၄ ဦး နေထိုင်ပါကြောင်း၊ ငရုတ်ကောင်းမြို့သည် ရိုးမဟုခေါ်သည့် အနောက်ရိုးမတွင် တည်ရှိပြီးဘင်္ဂလားပင်လယ်ကမ်းခြေလည်း တည်ရှိပါကြောင်း၊ မြို့အဖြစ် သတ်မှတ်ထားသော်လည်း လမ်

(က)-ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့နယ်၊တော်ဝင်လမ်း၊ အမှတ်(၃၅)ပေါ်တွင်တည်ရှိသည့် ကယားဂေဟာအမည်ရှိသောအဆောက်အအုံနှင့်မြေအား ကယားပြည်နယ်အစိုးရထံသို့ ဥပဒေနှင့် အညီ လွှဲပြောင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ တော်ဝင်လမ်း၊ အမှတ်(၃၅)ရှိ ကယားဂေဟာ အဆောက် အအုံနှင့်မြေ၏ ပထမပိုင်ရှင်မှ S.Balthazan သည် မြေဂရန်ပိုင်ရှင် ဖြစ်ပါကြောင်း၊ ဒုတိယပိုင်ရှင် Karenni State Government သည် ၁၉၅၁ ခုနှစ်တွင် အမည်ပေါက်ရထားခြင်းဖြစ်ပါကြောင်း၊ ၎င်း Karenni

(င)-Third Party များ၏ ဖွဲ့စည်းပုံတာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် မည်သည့်မူဝါဒ၊ လမ်းညွှန်ချက်များဖြင့် ဆောင်ရွက်နေသည်ကိုသိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း

လက်ရှိပြည်သူ့အစိုးရလက်ထက် လေးနှစ်ကျော်ကာလအတွင်းတွင် ပြည်သူများ၏ လူမှုစီးပွားဘဝများ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက်ရည်ရွယ်ပြီး လမ်း၊ တံတား၊ အဆောက်အဦ စသည့်လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် မီးလင်းရေးလုပ်ငန်းများ နိုင်ငံတစ်ဝန်းလုံးတွင်အကောင်အထည်ဖော်ပေးနေသည်မှာအားလုံးအသိဖြစ်ပါကြောင်း၊နှစ်စဉ်နိုင်ငံတေ

(ဃ)-ဆီဆိုင်မြို့နယ်ပြည်ထောင်စုလမ်းမကြီးပေါ်ရှိနားလွယ်ရွာမှပန်းညင်၊ ဖိုင်ကွမ်း၊ ဖိုင်လင်းထိကျန်ရှိသောလမ်းပိုင်းနှစ်မိုင်အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဆီဆိုင်မြို့နယ်တွင် မြို့ပေါ်ခြောက်ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃ ခု၊ ကျေးရွာပေါင်း ၃၂၂ ရွာနှင့်ဖွဲ့စည်းထားပြီး လူဦးရေတစ်သိန်းခွဲကျော် နေထိုင်လျက်ရှိကြပါကြောင်း၊ နေထိုင်သည့်ပြည်သူအများစုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထားလုပ်ကိုင်ကြပြီး မွေးမြူရေးကို တစ်ပိုင်တစ်နိုင် တွဲဖက်လုပ်ကိုင်လျက်ရှိပါကြောင်း၊ ကျေးရွာတော်တော် အများစုသည် လမ်းပန်းဆက်သွယ်ရ

(ဈ)-နိုင်ငံတော်ဘဏ္ဍာငွေဖြင့်တည်ဆောက်ထားသော ကျေးရွာချင်းဆက်လမ်းများအား လမ်းအမျိုးအစား အလိုက် စံချိန်စံညွှန်းများနှင့်အညီ စစ်ဆေးကြီးကြပ်ပေးရန်နှင့် ပျက်စီးသွားသောလမ်းများအား ပြုပြင် ထိန်းသိမ်းစရိတ်ချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

မိမိ၏မဲဆန္ဒနယ်မြေသည် လူဦးရေ ၁၈၀,၀၀၀ ခန့် နေထိုင်ပြီး ကျေးရွာပေါင်း ၂၀၀ ခန့်ရှိပါကြောင်း၊ ကျေးရွာချင်းဆက်လမ်းလိုအပ်ချက်က မိုင် ၂၅၀ ခန့်ရှိမည်ဟု ယူဆရပါကြောင်း၊ လက်ရှိအသုံးပြု နေသည့် လမ်းအခြေအနေက မြေသားလမ်းပိုင်း ၁၂၀ ကျော်ခန့်နှင့် ကျောက်လမ်းမိုင် ၂၀ ခန့် လက်ရှိတည်ဆောက်ဆဲ ကတ္တရာလမ်း နှစ်မိုင်ခန့်ဖြစ်ပါကြောင်း၊ လူဦးရေအများဆုံးအသုံးပြုနေသည်မှာမြေ

(စ)-ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုနှင့် မြင်တောင်ကျေးရွာအုပ်စုတို့ကို ဆက်သွယ် ထားသော ပင်ဖြစ်-တောင်ချွန်လမ်း ၁၁ မိုင်ကို အမာခံကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ပေးရန် အစီအစဉ်ရှိ/မရှိကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုနှင့် မြင်တောင်ကျေးရွာအုပ်စု ဆက်သွယ်သွားလာသော ပင်ဖြစ်-တောင်ချွန်လမ်းသည် ၁၁ မိုင်ရှိပြီး ၂၀၀၄-၂၀၀၅ ခုနှစ်မှစတင်၍ ၂၀၁၀ ခုနှစ်အထိ မြို့နယ်စည်ပင်သာယာရေးဌာနမှ နှစ်အလိုက် ကျောက်ကြမ်းလမ်း ငါးမိုင်ခန့်ဆောင်ရွက် ခဲ့သော်လည်း အဆိုပါလမ်းသည် ယခုအချိန်တွင်လုံးဝပျက်စီးယိုယွင်းနေပြီး မိုးတွင်းကာလများတွင် သွား

(ည)-ကျွန်းစုမြို့နယ်၊ အညင်းကျေးရွာနှင့် ဘုရားထွက်ကျေးရွာသို့ ဆက်သွယ်ထားသည့် တံတား ၁၇၀၀ ပေအား မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မေးခွန်းကိုမေးမြန်းရခြင်း အကြောင်းမှာတနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ညောင်ဘီး ကျေးရွာအုပ်စု အညင်းကျေးရွာ နှင့် ကျွဲခရံကျေးရွာ အုပ်စု ဘုရားထွက်ကျေးရွာသို့ ဆက်သွယ်ထား သည့် ပေ ၁,၇၀၀ ရှိတံတား တစ်စင်းအား တည်ဆောက်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၃၀-၆-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ၁၇၅၄/၃၁၃တံတား(၃-၄)အဖရ/၂၀၁၅ အရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျေး

(ဂ)-မြန်အောင်မြို့နယ်၊ တောင်ရိုးဒေသ ထိန်သေးကုန်း မြေပြာ အင်ပင်လမ်းပေါ်ရှိ ရေသိုးချောင်းတံတား အား အမာခံတံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိသိလိုခြင်း

မြန်အောင်မဲဆန္ဒနယ်မြေ တောင်ရိုးဘက်ခြမ်းဒေသသည်ဆယ်စုနှစ်များစွာ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့သည့်ဒေသဖြစ်ပါကြောင်း၊ ကိုယ်ထူကိုယ်ထ ကျေးရွာ ကျေးရွာချင်းဆက် မြေသားလမ်းများ တစ်တပ်တစ်အား ဒေသခံများက ဖောက်လုပ်ခဲ့ကြသော်လည်း ရာသီမရွေးသွားလာနိုင်ရန် ခက်ခဲသည့် အခြေအနေရှိပါကြောင်း၊ လမ်းများကို

(င)-ကလေးမြို့နယ်အတွင်း မြစ်သာမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာချင်းဆက်လမ်းပိုင်းများအား တစ်ဆက်တစ်စပ်တည်း သွားလာနိုင်ရေးအတွက် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မိမိ၏ မဲဆန္ဒနယ်အတွင်းတွင် မြစ်သာမြစ်နှင့် နေရဉ္စရမြစ်ဆိုသည့်မြစ်ကြီး နှစ်စင်း ဖြတ်သန်း စီးဆင်းနေပါကြောင်း၊ မြစ်သာမြစ်အရှေ့ဘက်ခြမ်းမှာ ၁၉ ရွာ၊ အိမ်ထောင်စုပေါင်း ၂၉၅၄ စုနှင့် လူဦးရေ ၁၄,၀၀၀ ဦး နေထိုင်လျက်ရှိနေပါကြောင်း၊ အထက်ပါ ပြည်သူများသည် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ကုန်သွယ်ရေး အစရှိသဖြင့် လုပ်ငန်းပေါင်းများစွာအတွက် ရေစီးသန်သော မြစ်သာမြစ်ကိ