Skip to main content
(ဂ)-မတူပီမြို့နယ်၊ အမ်ဆွေး-မားဒူ- ဝေးလူမှ ကန်ပက်လက်မြို့နယ် မကြားအိမ်နူးကျေးရွာကိုဖြတ်၍ မတူပီမြို့နှင့် ကန်ပက်လက်မြို့ မြို့နယ်ချင်းဆက်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

မတူပီမြို့နယ်၊ အမ်ဆွေး-မားဒူ-ဝေလူးလမ်းကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တစ်‌ကြောင်းထိုးလမ်းအဖြစ် ဖောက်လုပ်ပေးခဲ့ပါကြောင်း၊ ဝေလူးကျေးရွာဟာ မတူပီမြို့နယ်အဆုံးဖြစ်ပြီး ထိန်းခေါင်ကျေးရွာနှင့် လုံတူးကျေးရွာတို့သည် ပလက်ဝမြို့နယ် ဖြစ်ပါကြောင်း၊ သို့သော် ပလက်ဝမြို့ကို သွားသည့်အခါ လေးမြို့မြစ်ကိုဆုံဆင်းပြီး ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့တို့ကို ဖြတ်ပြီးမှ ပလက်ဝမြိ

(ခ)-မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု ကတ္တရာလမ်းမကြီးနှင့် ဆက်သွယ်ထားသော လမ်းများအား (၂၀၁၈-၁၉) ဘဏ္ဍာနှစ်တွင် မည်သည့် လမ်းအဆင့်ထိ တိုးမြှင့်ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု ကတ္တရာလမ်းမကြီးနှင့်‌ ဆက်သွယ်ထားသော ဟိုနမ့်-ထီဟန်းခြွီး ရွာချင်းဆက်လမ်း၊ ဟိုနမ့်-ပြင်သာယာ-ပုန်းအောင်း-ထီပျဉ်ရွာချင်းဆက်လမ်း၊ စဉ့်‌ဝင်ကျေးရွာအုပ်စုရှိ ရွာသစ်-နောင်ခမ်းရွာချင်းဆက်လမ်းတို့ကို (၂၀၁၈-၂၀၁၉)ဘဏ္ဍာရေးနှစ်တွင် မည်သည့်‌လမ်းအဆင့်‌ထိ တိုးမြှင့်‌ဆောင်ရွက်ပေးမည်ကိုသိရှိလိုခြင်းနှင့်‌ စပ်လျဉ်းတဲ့မေးခွန်း

(က)-ငပုတောမြို့နယ်ရှိ ပုသိမ်-သလပ်ခွာ မော်တင်စွန်းလမ်းသို့ ဆက်သွယ်ထားသော ငရုတ်ကောင်း- ငရုတ်ကောင်း (တောင်) လမ်းအား ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် အဆင့်တိုးမြှင့်ဖောက်လုပ် ပေးရန်နှင့်စပ်လျဉ်းသည့် မေးခွန်း

 

ပြည်ထဲရေးဝန်ကြီးဌာန၏၁-၄-၂၀၁၄ ရက်နေ့တွင် ထုတ်ပြန်သည့်       ကြေညာစာအမှတ်၊ ၁၀၀/၂၂-၃၅၈ U ၁ အရ ငရုတ်ကောင်းမြို့နယ် အဆင့်သို့လည်းကောင်း၊ ကြေညာချက်အမှတ်၊ ၁၀၀/၂၄-၅၀ U ၁ အရ ငရုတ်ကောင်းမြို့အဖြစ်သို့ လည်းကောင်း တိုးမြှင့်ခြင်းခံခဲ့ရပါကြောင်း၊ ငရုတ်ကောင်းမြို့တွင် ကျေးရွာအုပ်စု ၁၁ အုပ်စု၊ ရပ်ကွက် နှစ်ခု ရှိပြီး ကျေးရွာပေါင်း ၆၈ ရွာရှိပါကြောင်း၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းမျ

(စ)-ကျောက်တော်မြို့နယ် အထက်ပိုင်း၊ ကုလားတန်အရှေ့ဘက် ကမ်းခြေဒေသဖြစ်သည့် ကျောက်တော်မှမီးဝအထိ ရွာချင်းဆက်လမ်းများ ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ကျောက်တော်မြို့နယ်အထက်ပိုင်း၊ ကုလားတန်အနောက်ဘက်ကမ်းခြေသည် မိသားစု ၃၀၀၀ ကျော်၊ လူပေါင်း ၂၀၀၀၀ ကျော်နေထိုင်ပြီး အဓိကကျသည့် ကမ်းခြေတစ်ခုဖြစ်ပါကြောင်း၊ ၎င်းဒေသ၏ လမ်းပန်းဆက်သွယ်မှုအခြေအနေဆိုးရွားကြောင်း မိမိအား တင်ပြသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျောက်တော်မြို့နယ်အထက်ပိုင်း ကုလားတန် အနောက်ဘက်ကမ်းခြေဒေသဖြစ်သည့် ကျောက်တော်မှ မီးဝအထိ ရွာချင်းဆက်လမ်းများ ဖောက်လုပ်

(င)-၂၀၁၆-၁၇ ဘတ်ဂျက်နှစ်တွင် သနပ်ပင်-မင်းရွာကျောင်းစု ကျောက်ချောလမ်း (၅.၆)မိုင်မှာ ပျက်စီးနေပြီဖြစ်သည့်အတွက် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန်နှင့် တည်ဆောက်ခဲ့သော ကုမ္ပဏီအားအရေးယူ ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

သနပ်ပင်-မင်းရွာ ကျောင်းစုလမ်းကို ၁၉၉၅-၉၆ ခုနှစ်ကစပြီး လမ်းတစ်လျှောက်ရှိ ကျေးရွာများက ကိုယ်ထူကိုယ်ထ သံဃာတော်များ၊ ရပ်မိရပ်ဖများက ပြုပြင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၎င်း လမ်းကို ၂၀၁၂ ခုနှစ်တွင် ပြည်သူ့လွှတ်တော် ပထမအကြိမ်တွင် မေးမြန်းခဲ့ပြီး ၂၀၁၃-၁၄ ခုနှစ်နှင့် ၂၀၁၄-၁၅ ဘတ်ဂျက်များတွင် သိန်းပေါင်း ၆၀၀၀ ခန့် အကုန်အကျခံပြီး ကျောက်ချောလမ်း ၉.၁  မိုင် အဖြစ် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၎င်းလမ်း