Skip to main content
(ဆ)-ဂန့်ဂေါမြို့နယ်တွင် ၂၀၁၆ ခုနှစ် မိုးရာသီ၌ သာလင်း-မြင်သား မြစ်သာမြစ်ကူးတံတားသည် မျောပါ ပျက်စီးသွားခဲ့ရာ မြစ်သာမြစ်ကူးတံတားတစ်စင်း အမြန်ဆုံးဆောက်လုပ် ပေးရန်အစီအစဉ်ရှိ/မရှိနှင့်‌ စပ်‌လျဉ်းသည့်‌မေးခွန်း

 

ဂန့်ဂေါမြို့နယ်တွင် မြစ်သာမြစ်သည် မြို့နယ်ကို တောင်မှမြောက်၊ အလယ်မှဖြတ်သန်းစီးဆင်း လျက်ရှိပြီး ဂန့်ဂေါမြို့နယ် ကန်‌မြောက်ပိုင်းဒေသသည် မတ်ပဲ၊ ထောပတ်ပဲ၊ ပဲတီစိမ်းအစရှိသည့် ကောက်ပဲသီးနှံများ တစ်မြို့နယ်လုံးအထွက်နှုန်း၏ ၇၀ ရာခိုင်နှုန်းခန့်ထွက်သည့် ဒေသဖြစ်ပါကြောင်း၊ ၎င်းမြစ်အရှေ့ဘက် ရွာများ၏ လယ်ယာထွက်ကုန် သယ်ယူရောင်းဝယ်ရေး လိုအပ်ချက်ကြောင့်‌ ၂၀၀၆ ခုနှစ်ကပင် ပြည်သူတို့က ၎င်း

(စ)-စဥ့်ကိုင်မြို့နယ်ရှိ အုန်းပင်ခြံ၊ မုန့်ပေါင်း၊ သပြေရိုး၊ ညောင်ပင်ကြီးကျေးရွာချင်းဆက်လမ်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မူလရှိခဲ့သောကတ္တရာလမ်းအဖြစ် ပြန်လည်ပြုပြင်ထိန်းသိမ်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

အုန်းပင်ခြံ၊ မုန့်ပေါင်း၊ သပြေရိုး၊ ညောင်ပင်ကြီးကျေးရွာချင်းဆက်လမ်းသည် ၄ မိုင် ၃ ဖာလုံရှည်လျား ပါကြောင်း၊ ၂၀၀၂-၂၀၀၃ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကတ္တရာခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လွှဲပြောင်းလက်ခံရယူခဲ့သော် ထိုသို့ လွှဲပြောင်းယူစဉ် ကာလမတိုင်မီကပင် ကတ္တရာလမ်းအသွင်မရှိဘဲ မြေသားလမ်းအြ

(င)-ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ချောင်းကူးတံတား (၃၀၀)ပေအား ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဘူးသီးတောင်မြို့နယ် တောင်ပိုင်းရှိ စေတီတောင်ကျေးရွာသည် လူနေအိမ်ခြေ ၂၀၀ နီးပါးခန့်ရှိပြီး အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ဈေး၊ လုံခြုံရေးကင်းစခန်းစသည့် ကျေးရွာဂုဏ်အင်္ဂါရပ်များနှင့် ပြည့်စုံပြီး ဘူးသီးတောင်မြို့နယ်၏မြို့နယ်ခွဲ အဖြစ် လျာထားခြင်းခံရသောကျေးရွာတစ်ရွာဖြစ်ပါကြောင်း၊

(ဃ)-ရွှေကျင်မြို့နယ်၊ ဝင်းခနိန်ကျေးရွာအုပ်စု၊ မဓမချောင်းကိုဖြတ်ကူး၍ ဝင်းခနိန်-အလယ်ကျွန်းကျေးရွာ ချင်းဆက်တံတားတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ရွှေကျင်မြို့နယ်တွင် ရွှေကျင်ချောင်းနှင့် မဓမချောင်းနှစ်ခုကြားက ဒေသဆိုလျှင် ချောင်းနှစ်ချောင်း၏ ကြားထဲတွင်ရှိနေသည့်အတွက် သွားရေးလာရေးခက်ခဲပါကြောင်း၊ ကျေးရွာအုပ်စု တစ်စုတည်းတွင် ချောင်းများခြားနေသည့်အတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ၊ လူမှုရေး၊ ကျန်းမာရေးကိစ္စကစအများကြီး အခက်အခဲရှိပါကြောင်း၊ ရွှေကျင်မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းသည့် ရွှေကျင်ချောင်းနှင့် မဓမချောင်းနှစ်ချောင်းသည် ဒေသခံများစိုက်ပျိုးရေး၊ သွ

(ဂ)-ကလေးမြို့နယ်ရှိ မီးရထားကူး ကမ္ဘားနီတံတားပေါ်တွင် မော်တော်ကားများ၊ ဆိုင်ကယ်များ သီးသန့် သွားလာနိုင်သော တံတားအသစ်တစ်စင်းတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်‌စပ်လျဉ်းသည့် မေးခွန်း

 

မိမိမေးမြန်းလိုသည့် တံတားတည်ရှိရာ ကလေး-ဂန့်ဂေါကားလမ်းမကြီးကို ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီကတည်းက ဖောက်လုပ်ခဲ့ပြီး ကလေး-ဂန့်ဂေါ မီးရထားလမ်းကို ၁၉၉၃ တွင် စတင်ဖောက်လုပ်ပြီး ၁၉၉၅ ခုနှစ်မှာဖွင့်လှစ်ခဲ့ပါကြောင်း၊ ၎င်းလမ်းပိုင်းပေါ်တွင် ထူးခြားသည့် တည်ဆောက်မှုတစ်ခုက ကဗ္ဗနီတံတားဖြစ်ပါကြောင်း၊  ကဗ္ဗနီတံတားသည် မနိပူရမြစ် ဘက်စုံစီမံကိန်း၏ အောက်ဘက် ၂ မိုင်အကွာ ကလေး-ဂန့်ဂေါ မိုင်တိုင် ၅၁