Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Andrew Patrick အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Andrew Patrick အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ချစ်ကြည်ရေးခရီးစဉ်ဆိုင်ရာကိစ္စရပ်များ၊လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် အီတလီ- မြန်မာအသင်းအဖွဲ့ဝင် ၊ အီတလီလွှတ်တော် အမတ်ဟောင်း Ms. Albertina Soliani အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် အီတလီ-မြန်မာအသင်းအဖွဲ့ဝင်၊ အီတလီလွှတ်တော် အမတ်ဟောင်း Ms. Albertina Soliani အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် အီတလီ-မြန်မာအသင်းအနေဖြင့် မြန်မာနိုင်ငံ၏ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး၊အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် များတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေမှုများ၊နှစ်နိုင်ငံအစိုးရ၊လွှတ်တော်နှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်မှုများ တိုးမြှင့်ဖော်ဆောင်သွားနိုင်ရေးတို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်နိုင်ငံသံအမတ်ကြီး H.E.Mr. Khaled Mohamed Abdelrahman Abdelsalam အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အီဂျစ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Khaled Mohamed Abdelrahman Abdelsalam အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအစိုးရ၊ လွှတ်တော်နှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပြည်သူ့ဝန်ထမ်းအကယ်ဒမီဖွင့်ပွဲ အခမ်းအနား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် တက်ရောက်

ပြည်သူ့ဝန်ထမ်း အကယ်ဒမီဖွင့်ပွဲအခမ်းအနား နှင့် ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈း၃၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ကျင်းပရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် တက်ရောက်သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ၂၀၁၇ ခုနှစ်၊ နှစ်သစ်ကူးမင်္ဂလာ နှုတ်ခွန်းဆက်လွှာ

ချစ်ခင်လေးစားရပါသော တိုင်းရင်းသားပြည်သူများအားလုံး ၂၀၁၇ ခုနှစ်၊ နှစ်သစ်မင်္ဂလာအခါသမယမှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ဦးစွာ မေတ္တာပို့သအပ်ပါတယ်။

ယနေ့အချိန်အခါသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသော အချိန်ကာလဖြစ်၍ မိမိတို့မျှော်မှန်းသည့် ဒီမိုကရေစီပန်းတိုင်သို့ အောင်မြင်စွာ ရောက်ရှိရန် တိုင်းရင်းသား ပြည်သူများအားလုံးကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အထူးလိုအပ်ပါတယ်။ အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရေးတို့အတွက် တိုင်းရင်းသား ပြည်သူများအားလုံးက စည်းလုံးညီညွတ်စွာ တက်ညီလက်ညီ အတူလက်တွဲ၍ ဆောင်ရွက်ကြရမည့် အချိန်အခါလည်းဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ အား ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် လွှတ်တော်အတွေ့အကြုံများ ရှင်းလင်းပြောကြား

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အားယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ဥပဒေပြုရေး၊ ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် လွှတ်တော်အတွေ့အကြုံ များကိုရှင်းလင်းပြော ကြားသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်၍ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားသည့်နိုင်ငံများသည် ဒီမို ကရေစီစနစ် ကျင့်သုံးသည့် နိုင်ငံများဖြစ်ပါကြောင်း၊ စီးပွားရေး၊ လူနေမှုအဆင့်အတန်း၊ ပညာရေး၊ ကျန်းမာရေး နိမ့်ပါးသည့်နိုင်ငံများကို ကြည့်ပါက အာဏာရှင်နိုင်ငံဖြစ်သည် ကိုတွေ့ရပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံ၊ ပြည်ထောင်စုနိုင်ငံဖြစ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြဋ္ဌာန်းထားပြီး ကြိုးပမ်း ဆောင်ရွက်နေကြပြီဖြစ်ပါကြောင်း။

Subscribe to ဥက္ကဋ္ဌ