Skip to main content

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအား ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် လွှတ်တော်အတွေ့အကြုံများ ရှင်းလင်းပြောကြား

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအား ၂၀၁၇ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံပြီး ဥပဒေပြုရေး၊ ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကျင်းပ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်ခန်းမ၌ ကျင်းပသည့် လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ ရှင်းလင်းဆွေးနွေးတင်ပြခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဆင့်မြင့် အရာရှိ ကြီးများနှင့် ယူနီဆက်မှ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြသည်။ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် တူရကီသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Kerem Divanlioglu အားလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တူရကီ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Kerem Divanlioglu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ဥရောပပါလီမန်၊ အရှေ့တောင်အာရှနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်‌ သည် ဥရောပပါလီမန်၊ စီးပွားရေးနှင့်ငွေကြေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ Mr. Werner LANGEN ဦးဆောင်သော ဥရောပပါလီမန်၊ အရှေ့တောင်အာရှနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်‌အတူ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr. Roland Kobia လည်း တက်ရောက်ခဲ့သည်။

တွေ့ဆုံစဉ် ဥရောပပါလီမန်နှင့် မြန်မာနိုင်ငံလွှတ်တော်အကြား ချစ်ကြည်ရင်းနှီးမှုနှင့်‌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေပြုရေးလုပ်ငန်းစဉ်များ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ၊ တရားဥပဒေ စိုးမိုးရေးကိစ္စရပ်များ နှင့်‌ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

၂၀၁၇ ခုနှစ်၊ မေလ ၂၆ ရက်

ပညာရေးဝန်ကြီးဌာန၏ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းနှင့် ပညာသင်ယူမှု အခွင့်အလမ်းတိုးမြှင့်ရေး၊ ပညာရေးအရည်အသွေး မြင့်မားရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ဆွေးနွေးတင်ပြခြင်း အခမ်းအနားကျင်းပ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်ခန်းမ၌ ကျင်းပသည့် ပညာရေးဝန်ကြီးဌာန၏ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) နှင့် ပညာသင်ယူမှု အခွင့်အလမ်းတိုးမြှင့်ရေး၊ ပညာရေးအရည်အသွေး မြင့်မားရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ဆွေးနွေးတင်ပြခြင်း အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ  ဦးတီခွန်မြတ်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်‌ အီတလီနိုင်ငံ သံအမတ်ကြီး H.E. Mr. Pier Giorgio ALIBERTI အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်‌ သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး H.E. Mr. Pier Giorgio ALIBERTI အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Subscribe to ဥက္ကဋ္ဌ