Skip to main content

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်‌ အင်ဒိုနီးရှားနိုင်ငံ၊ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Fahri Hamzah အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်‌သည် အင်ဒိုနီးရှားနိုင်ငံ၊ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Fahri Hamzah နှင့်‌ အဖွဲ့အား ယနေ့ နေ့လည် ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်‌ စင်ကာပူပါလီမန် ဥက္ကဋ္ဌ H.E. Mdm. Halimah Yacob နှင့် တွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်‌ သည် စင်ကာပူပါလီမန် ဥက္ကဋ္ဌ H.E. Mdm. Halimah Yacob နှင့်‌ အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်‌ IPU အထွေထွေအတွင်းရေးမှူးချုပ် Mr. Martin Chungong အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်‌သည် IPU အထွေထွေ အတွင်းရေးမှူးချုပ် Mr. Martin Chungong အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့ လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံ ရာတွင် IPU နှင့် မြန်မာလွှတ်တော်များအကြား ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်ရေးတို့နှင့်‌ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့်‌အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့် အီတလီအထက်လွှတ်တော်၊ နိုင်ငံခြားရေးရာ အမြဲတမ်းကော်မတီဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် အီတလီ အထက် လွှတ်တော်၊ နိုင်ငံခြားရေးရာ အမြဲတမ်းကော်မတီဥက္ကဋ္ဌ H.E. Mr. Pier Ferdinando Casini အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့ လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌဦးဇော်သိန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးစိုင်းသန့်ဇင်၊ ဦးခွန်အောင်ကျော်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည် တော်အဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မ တမြန်မာနိုင်ငံတော်ဆိုင်ရာ အီတလီသံအမတ်ကြီး H.E.Mr. Pier Giorgio Aliberti လည်း တက်ရောက်ခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ငလျင်ဒဏ်ကြောင့် ပုဂံဒေသတွင် ပျက်စီးခဲ့သော ရှေးဟောင်းအမွေအနှစ် ဘုရားစေတီပုထိုးများ ပြန်လည်ပြုပြင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံတွင်   ၂၀၁၆ ခုနှစ၊် သြဂုတ်လ ၂၄ ရက် နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပုဂံဒေသတွင် ပျက်စီးခဲ့သော ရှေးဟောင်း အမွေအနှစ် ဘုရားစေတီပုထိုးများ ပြန် လည်ပြုပြင်ရန်အတွက် အလှူငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့ လွှတ်တော်ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်၏ အုပ်ချုပ်ရေးမှူး Mr. Achim Steiner ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၏ အုပ်ချုပ်ရေးမှူး Mr. Achim Steiner ဦးဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် UNDP နှင့် မြန်မာလွှတ်တော်များအကြား လွှတ်တော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ ဖွံ့ဖြိုးရေးဆိုင်ရာ ကူညီပံ့ပိုးမှုများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုများ နှင့်‌စပ်လျဉ်း၍ ရင်းနှီးပွင့်‌လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၈ ရက်

Subscribe to ဥက္ကဋ္ဌ