Skip to main content

၁၉၉၆ ခုနှစ်ခန့်မှ စ၍ ပန်းတောင်းမြို့နယ်၏ ဒီပါအေးကျောင်းတိုက်တွင် ဘဒ္ဒန္တဝိမလ ရေဆွမ်းဆရာတော်မှ သာသနာပြု၍ဒ်ါခင်နှင်းသစ် (ပန်းတောင်း) ဒီပါအေးဆုတောင်းပြည့်စေတီတော် ဗောဓိ တစ်ထောင်နှင့် အခြားသာသနိက အဆောက်အအုံများ တည်ထားဆောက်လုပ်လျက်ရှိသည်မှာ  သာသနာတိုးတက် ထွန်းကားလျက် ရှိပါကြောင်း၊ ထိုကဲ့သို့ ဆရာတော်မှ အမျိုးဘာသာသာသနာတိုးတက် ထွန်းကားအောင်ဆောင် ရွက်နိုင်မှုကြောင့် ၂၀၁၄ ခုနှစ် နိုင်ငံတော်အစိုးရမှ သာသနာ့ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ရပါကြောင်း၊ ထိုကဲ့သို့ သာသနာထွန်းကားမှုကြောင့်လည်း မြေဧရိယာ ၉၁.၁၉ ဧကကို သာသာနာ့မြေအဖြစ် သက်ဆိုင်ရာအဆင့်ဆင့်သို့ လျှောက်ထားတင်ပြခဲ့ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူး၊မြို့နယ် အုပ်ချုပ်ရေးမှူး၊မြို့နယ် သာသနာရေး ဦးစီးမှူး၊တိုင်းသာသနာရေးဦးစီးမှူး၊ရပ်/ကျေးသံဃာနာယကအဖွဲ့၊မြို့နယ်သံဃာနာယကအဖွဲ့၊တိုင်းသံဃာနာယကအဖွဲ့တို့မှလည်း  သာသ နာ့မြေ အဖြစ် မှန်ကန်ကြောင်း ထောက်ခံပေးခဲ့ကြပါကြောင်း၊ပန်းတောင်း မြို့နယ်၊ လက်ရဲတက်ကြိုးဝိုင်းဧရိယာသည် ၃၅၀၁ ဧကရှိ၍ သာသနာမြေအဖြစ် စွန့်လွှတ်ပြီးမြေ ဧကမှာ ၃၀.၅၆ ဧကဖြစ်ပါကြောင်း၊အခိုင်အမာတည်ထောင်ပြီး ဖြစ်သည့်ရွာမြေ၊လယ်မြေ၊သာသနာအများ ပိုင်မြေများကို သစ်တောကြိုးဝိုင်းမြေမှ ပယ်ဖျက် ခဲ့ခြင်း ဖြစ်ကြောင်း ၊သစ်တောကြိုးဝိုင်းမြေမှ သာသနာမြေအဖြစ် စွန့်လွှတ်နိုင်သည့် လုပ်ထုံးလုပ်နည်းရှိ၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျှင် ဖြစ်နိုင်ခြင်း၊ ပကတိ သာသနာ ထွန်းကားနေခြင်း၊ အခိုင်အမာ တည်ထောင်ပြီးဖြစ်ခြင်း ဘာသာသာသနာသည် အများအားဖြင့် လူ့အဖွဲ့အစည်းကို ထိန်းကျောင်း တည့် မတ်နိုင်သည့်အတွက်ကြောင့် သာသနာတိုးတက် ထွန်းကား ရန် လိုအပ်ခြင်းကြောင့် မေးမြန်းရခြင်း ဖြစ်ပါသည်။


ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနိုင်ငံတစ်ဝှမ်း စေတီ၊ပုထိုးများ၊သာသနိကအဆောက်အဦများ၊ ကျောင်း၊ ကျောင်းတိုက်အသစ်များ ဆောက်လုပ်သည့်အခါတွင် သက်ဆိုင်ရာသံဃာအဖွဲ့အစည်း သို့မဟုတ် ဂေါပ က အဖွဲ့ မှ အောက်ပါလုပ်ထုံး လုပ်နည်းများအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊၎င်းတို့မှာ အုပ်ချုပ်ရေးပိုင်းအရ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊  ခရိုင်အုပ်ချုပ်ရေး ဦးစီးဌာန၏ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်၊ သံဃာ့အဖွဲ့ အစည်းအပိုင်းတွင် ရပ်ကွက်၊ ကျေးရွာ၊ တိုင်းဒေသကြီး၊ ပြည်နယ်သံဃာ့နာယက အဖွှဲအစည်း အဆင့်ဆင့် ၏ ထောက်ခံချက်၊ မြို့နယ်၊ခရိုင်၊တိုင်းဒေသကြီး၊ပြည်နယ် သာသနာရေးမှူးတို့၏ ထောက်ခံချက်၊ မြို့နယ်၊ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ် သစ်တောဦးစီးဌာန ဦးစီးမှူးတို့၏ထောက်ခံချက်၊တိုင်းဒေ သကြီး၊ ပြည်နယ် အစိုးရအဖွဲ့၏ ထောက်ခံချက်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဌာန၏ ကန့်ကွက်ရန်မရှိကြောင်း အကြောင်းကြားစာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန၏ ထောက်ခံချက်၊ ထိုမှတစ်ဆင့် ပြည်ထောင်စုအစိုးရ၏ လုံခြုံရေး၊တည်ငြိမ်အေးချမ်း‌ရေး ကော်မတီကို ဆက် လက် တင်ပြပြီး သဘောတူညီချက်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့အထိ အဆင့်ဆင့်တင်ပြဆောင်ရွက်ရပါကြောင်း၊ သာသနာမြေနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ခြင်းမရှိခဲ့ပါကြောင်း၊ စေတီပုထိုးများ၊သာသနိက အဆောက်အဦများ၊ ကျောင်း၊ ကျောင်းတိုက်အသစ်များ ဆောက်လုပ်ခြင်းနှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံး တွင် ဖြစ်ပေါ်နေသည့် ပြဿနာများမှာ သာသနိကအဆောက်အဦများသည် ကြိုတင်ခွင့်ပြုချက် မတင်ပြဘဲ ဆောက်လုပ်ခိုင်းခြင်းကြောင့် အစိုးရဧရိယာအတွင်း ကျရောက်နေခြင်း၊ သစ်တောကြိုးဝိုင်းမြေအတွင်း ကျရောက်နေခြင်း၊ ပုဂ္ဂလိကပိုင်ရှင်များ၏ ခွင့်ပြုချက်မရှိသော မြေအတွင်းတွင် ကျရောက်နေခြင်း၊ ကြည်ညိုဖွယ် မစုံသည့် မြေနေရာ တွင် ရောက် ရှိနေခြင်း၊အများပြည်သူပိုင် နေရာအတွင်း ရောက်ရှိနေခြင်းတို့ကြောင့် သာသနာမြေအဖြစ် အသုံးပြုခွင့်ပေးရန် အခက်အခဲများ ကြုံတွေ့နေရခြင်းဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေ သကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ရွာသာယာအုပ်စု၊ ဒီပါအေးဇလွန်စေတီတော်၊ ဗောဓိတစ်ထောင် စေတီတော်နှင့် သာသနိကအဆောက် အဦးများသည် လွန်ခဲ့သော ၁၇ နှစ်က တည်ဆောက်ခဲ့ သည့် မြေနေရာမှာ ၉၁.၁၉ ဧက ကျယ်ဝန်းပြီး လက်ရဲတပ်သစ်တော ကြိုဝိုင်းဧရိယာအတွင်း ကျရောက်နေသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် စေတီပုထိုး၊ သာသနိကအဆောက်အဦများကို မဆောက်လုပ်မီကတည်းက သာသနာ့မြေအဖြစ် ခွင့်‌ပြုချက်ရရှိမှသာ ဆောင်ရွက်ရမည် ဖြစ်သော်လည်း သာသနိကအဆောက်အဦများက ဆောက်လုပ်ပြီးမှ သာသနာမြေ လျှောက်ထားဖြစ်ပါကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးဌာနအဆင့်၏ သဘောတူခွင့်ပြုချက်လည်း ကျန်ရှိသေးပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု ဝန်ကြီးဌာန ၏ ထောက်ခံ သဘောတူညီချက်ဖြစ်သည့် ဧက ၉၀ ကျော်ကို သစ်တောကြိုးဝိုင်း မြေအဖြစ်မှ စွန့်လွှတ်မည့် သဘောတူညီချက်ပါရှိပြီး အမှုတွဲကို ပြန်လည်ပြုစု တင်ပြမှသာ လျှင် ပြည်ထောင်စုအစိုးရ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး ကော်မတီမှ တစ်ဆင့် အစိုးရအဖွဲ့ကို တင်ပြနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမှုတွဲကို ပြည့်စုံစွာပြန်လည် ပြုစုတင်ပြပေးရန် ဝန်ကြီးဌာနအနေဖြင့် သာသနာမြေဖြစ်ရန်အတွက်ကို အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက် ပေးပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါ်ခင်နှင်းသစ် (ပန်းတောင်း) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

သာသနာထွန်းကားနေသည့် နေရာများသည် သစ်တောကြိုးဝိုင်းများထဲတွင် ခိုင်ခိုင် မာမာရှိပြီးသည့်အခါ ပေးမဖြစ်ပေးရမည့် အခြေအနေမျိုးများ ကျရောက်ခြင်းမျိုးများ တွေ့ရှိရပါကြောင်း၊ ယခုလို ပြဿနာမျိုးများ သစ်တောကြိုးဝိုင်းများတွင် မဖြစ်အောင်၊ အစကတည်းက ကွင်းဆင်းပြီး ဆက်လက် ဆောင်ရွက်ပေးမည့် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း ထပ်ဆင့်မေးခွန်း မေးမြန်းပါသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို

ပြည်ထဲရေးဝန်ကြီးဌာနမှလည်း မြေယာနှင့်ပတ်သက်သည့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များရှိပါကြောင်း၊ သာသနာရေးပိုင်းမှာလည်း နိုင်ငံတော်သံဃာ့မဟာ နာယကအဖွဲ့၏ ညွှန်ကြားလွှာများကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်သို့ ထုတ်ပြန်ညွှန်ကြားထားခြင်းများရှိပါကြောင်း၊ ထပ်မံပြီးညွှန်ကြားလွှာကိုလည်း ထုတ်ပြန်ပေးနေခြင်းလည်းရှိပါကြောင်း၊ ၎င်း ကိစ္စနှင့်‌ပတ်သက်၍ အုပ်ချုပ်ရေးပိုင်း၊ သာသနာရေးပိုင်းတွင် သတ်မှတ်ထားသည့် ညွှန်ကြားလွှာများ ထုတ်ပြန် ထားပြီးရှိပါကြောင်း၊ ထို့ကြောင့် ညွှန်ကြားချက်များ၊ အမိန့်များ၊ ညွှန်ကြားလွှာများသည် ရှိပြီးဖြစ်ပါကြောင်းနှင့် လိုအပ်သလိုဆက်လက်ပြီး ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း၊ ပြန်လည် တည်ဆောက်တင်ပြ ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမျုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရအောင်ကို