Skip to main content

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း ဂျပန်နိုင်ငံအခြေစိုက် အာရှဒေသပတ်ဝန်းကျင် ကောင်းမွန်ရေး နည်းပညာပြန့်ပွားမှုအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Akio Kawakami အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် ဂျပန်နိုင်ငံ အခြေစိုက် အာရှဒေသပတ်ဝန်းကျင် ကောင်းမွန်ရေး နည်းပညာပြန့်ပွားမှုအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ Akio Kawakami နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ (၁၄း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံစဉ် အစိုးရသစ်လက်ထက်တွင် ပိုမိုအားကောင်း လာသော ဂျပန်-မြန်မာ ဆက်ဆံရေး၊ ဂျပန်-မြန်မာလွှတ်တော်နှစ် ရပ်ပူးပေါင်းလျက် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြု ရေးအလတ်စားနှင့် အသေးစားချေးငွေကိစ္စရပ်များ၊ ဂျပန်-မြန်မာသက်မွေးပညာ သင်တန်းကျောင်း အောင်ဆန်းစီမံ ကိန်း အလျင်အမြန်ဖွင့်လှစ်နိုင်ရေး၊နှစ်နိုင်ငံပြည်သူများ ပူးပေါင်း ဆောင်ရွက်ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် အေးချမ်းသာ ယာရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေး မှူး ဦးဘိုဘိုဦး၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်ခင်နှင်းသစ်၊ ဦးမျိုးဇော်အောင်၊ ဦးနိုင်ထူးအောင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊စက်တင်ဘာလ ၉ ရက်

Add new comment

Plain text

  • No HTML tags allowed.
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.