Skip to main content

ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်အေး ဂျပန်နိုင်ငံ အခြေစိုက် အာရှဒေသပတ်ဝန်းကျင် ကောင်းမွန်ရေး နည်းပညာပြန့်ပွားမှုအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Akio Kawakami အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌဦးခင်အေးသည် ဂျပန်နိုင်ငံအခြေစိုက် အာရှဒေသပတ်ဝန်း ကျင်ကောင်းမွန်ရေး နည်းပညာပြန့်ပွားမှုအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ Akio Kawakami နှင့်အဖွဲ့အား ယနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင် အမှတ် (I-7) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဂျပန်-မြန်မာ သက်မွေးမှုပညာသင်တန်းကျောင်း (အောင် ဆန်း) စီမံကိန်းအား အမြန်ဆုံးအကောင်အထည် ဖော်နိုင်ရေးဆောင်ရွက် မှုများ၊ စီမံကိန်းနှင့်စပ်လျဉ်းပြီး လက်ရှိဆောင်ရွက် နေမှု အခြေ အနေများနှင့် ဆက်လက်လုပ်ဆောင်ရမည့် စီမံကိန်းကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ အတွင်းရေးမှူး ဦးခင်မောင်စိုးနှင့်အတူ ကော်မတီအဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်

Add new comment

Plain text

  • No HTML tags allowed.
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.