Skip to main content

ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုသဘောတရား

အကျဉ်းချုပ်

          မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များနှင့်အညီ ဘက်စုံ၊ ကဏ္ဍစုံတွင် ပြုပြင် ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်၏ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်နေသည့်အခါတွင် ပြည်တွင်း၊ ပြည်ပကြွေးမြီများကိုဖြစ်စေပြီး  ၎င်း ကြွေးမြီများသည် နိုင်ငံတော်၏နှစ်စဉ်ရငွေနှင့် သုံးငွေများပေါ်တွင်မူတည်ပါသည်။ နိုင်ငံတော် အစိုးရအဆက်ဆက်က ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ နိုင်ငံတော်၏ဘဏ္ဍာငွေရရှိမှုနှင့် သုံးစွဲမှုအခြေအနေများကြောင့် ပြည်တွင်းကြွေးမြီများဖြစ်ပေါ်စေပါသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်တွင်း၊ ပြည်ပကြွေးမြီများနှင့်ပတ်သက်ပြီး စီမံခန့်ခွဲရမည့်အချက်များကို အတိအကျပြဋ္ဌာန်းကာ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ကြွေးမြီမှတ်တမ်းတင်ခြင်း၊ ကြွေးမြီအစီရင်ခံခြင်း၊ ဆန်းစစ်ခြင်း၊ ကြွေးမြီကိုခံနိုင်ရည်ရှိ/မရှိ ဆန်းစစ်ခြင်းများစသည့် စီမံ ခန့်ခွဲမှုများကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။ ယခုစာတမ်းတွင် ကြွေးမြီစီမံခန့်ခွဲမှုသဘော တရားနှင့် ရည်ရွယ်ချက်များ၊ ကြွေးမြီရယူမှုအဆင့်ဆင့်၊ နိုင်ငံအချို့၏ပြည်သူ့ကြွေးမြီပမာဏ နှင့်ကြွေးမြီစီမံခန့်ခွဲမှု၊ နိုင်ငံတော်အစိုးရ၏အဖွဲ့အစည်းအချို့နှင့် ပူးပေါင်းဆောင်ရွက်မှုများကို လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ယင်းဥပဒေကြမ်း​ဆွေးနွေးရာတွင် အထောက်အကူဖြစ် စေရန်ရည်ရွယ်၍ ရေးသားပြုစုတင်ပြထားခြင်းဖြစ်ပါသည်။


ဥပဒေကြမ်း၏ နောက်ခံသမိုင်း

၁။     ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ယခင်က ၁၉၂၀ ခုနှစ်၊ ဧပြီလ ၁ ရက် နေ့တွင်  The Government Securities Act (INDIA ACT X, 1920, Vol III) ဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါသည်။ ယင်းဥပဒေတွင် အခန်း (၇) ခန်းနှင့် ပုဒ်မပေါင်း ၂၅ ခု ပါဝင်ပါ သည်။[1] ယခင်ပြဋ္ဌာန်းခဲ့သည့်ဥပဒေသည် ယခုအခါပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု လုပ်ငန်းများဆောင် ရွက်ရာတွင်ကြုံတွေ့လာရသည့် အခြေအနေများအရ ဥပဒေသစ်ပြဋ္ဌာန်းရန်လိုအပ်လာပါသည်။ ထို့ကြောင့်ယင်းဥပဒေကြမ်းအား နိုင်ငံတကာအဆင့်မီဥပဒေကြမ်းတစ်ခုဖြစ်စေရန် ပြင်ပအဖွဲ့ အစည်းများဖြစ်သည့် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Asia Development Bank-ADB)၏ နည်းပညာအကူအညီနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ဥပဒေကြမ်းရေးဆွဲခဲ့ပြီး လွှတ်တော်တွင်   ၁-၁၂-၂၀၁၅ ရက်နေ့ကအစီရင်ခံစာတင်သွင်းခဲ့ပါသည်။

ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်များ

၂။      ဤဥပဒေကြမ်းနှင့် သက်ဆိုင်သည့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲ မှုဥပဒေကြမ်းအား နိုင်ငံတော်ကရယူသည့် ပြည်တွင်းပြည်ပကြွေးမြီများနှင့်စပ်လျဉ်း၍ သက် ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့က လိုက်နာဆောင်ရွက်ရန်နည်းလမ်းများ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ကြွေးမြီစီမံခန့်ခွဲခြင်း၊ နိုင်ငံတော်၏အာမခံချက်များ၊ ကြွေးမြီပြုစုခြင်း အစီရင်ခံ စာများအတွက် အဆင်ပြေချောမွေ့စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ရေးဆွဲ ခြင်းဖြစ်ပါသည်။

၃။      ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်မှာ အစိုးရဘဏ္ဍာငွေဖြည့်ဆည်းမှု လိုအပ်ချက် များနှင့် ၎င်း၏ငွေပေးချေရန်တာဝန်များအား ကာလလတ်မှ ကာလရှည်အထိ လက်ခံနိုင်ဖွယ်ရှိ သောဆုံးရှုံးနိုင်မှုအဆင့်နှင့်အတူ ကုန်ကျစရိတ်အနည်းဆုံးဖြစ်စေရန်နှင့် အစိုးရငွေချေးသက် သေခံလက်မှတ်များ ပြည်တွင်းဈေးကွက်၌ တွင်ကျယ်လာစေရန်တို့ဖြစ်သည်။ ကာလလတ် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာကို ဘဏ္ဍာရေးနှစ်(၃)နှစ်ကာလအတွက် ဝန်ကြီးဌာနက နှစ်စဉ်ပုံမှန်ရေးဆွဲ၍ အစိုးရအဖွဲ့ကအတည်ပြုရပါသည်။

ပြည်သူ့ကြွေးမြီ

၄။      ပြည်သူ့ကြွေးမြီဆိုသည်မှာ အစိုးရအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့အစည်းများနှင့် နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများက ငွေချေးယူမှုကြောင့် ဖြစ်ပေါ်လာသော ငွေရေးကြေးရေးဆိုင်ရာ ပေးရန်တာဝန်များ၊ နိုင်ငံတကာ ငွေရေးကြေးရေးအဖွဲ့အစည်းများသို့ နိုင်ငံတော်ကအဖွဲ့ဝင်ထားခြင်းအတွက် ပေးရန်တာဝန်များ အားလုံးကိုဆောင်ရွက်ရပါသည်။

ဥပဒေမှ အဓိကဆောင်ရွက်ပေးသည့်လုပ်ငန်းများ

၅။     ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေ၏ အဓိကဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များမှာ အခွင့်  အာဏာအပ်နှင်းခြင်းနှင့်ငွေချေးယူခြင်း၊ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုရည်ရွယ်ချက်များနှင့် မဟာ ဗျူဟာများချမှတ်အကောင်အထည်ဖော်ခြင်း၊ ငွေချေးယူခြင်းနှင့် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုများ ဆောင်ရွက်ခြင်း၊ ငွေထုတ်ချေးခြင်းနှင့် ထပ်ဆင့်ငွေထုတ်ချေးခြင်း၊ နိုင်ငံတော်၏အာမခံချက်များ ဆောင်ရွက်ခြင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများက ငွေချေးယူခြင်း၊ တိုင်းဒေသကြီး(သို့) ပြည်နယ် အစိုးရကငွေချေးယူခြင်း၊ စည်ပင်သာယာရေးအဖွဲ့များက ငွေချေးယူခြင်း၊ နိုင်ငံတော်ပိုင် စီးပွား ရေးအဖွဲ့အစည်းများကချေးယူခြင်း၊ ပြည်သူ့ကြွေးမြီများကိုစာရင်းပြုစုခြင်း၊ ရသုံးမှန်းခြေငွေစာ ရင်းရေးဆွဲခြင်းနှင့်အစီရင်ခံစာတင်ပြခြင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ တာဝန်များချမှတ်ပေး ခြင်းနှင့်တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်သည့်အခါ ဥပဒေနှင့်အညီတားမြစ်ခြင်း စသည့် လုပ်ငန်းစဉ်များအပေါ် စီမံခန့်ခွဲခြင်းတို့ဖြစ်ပါသည်။

ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာတွင်ပါဝင်သောအချက်များ

၆။      ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာတွင် အောက်ပါတို့ပါဝင်ပါသည် -

(က)    ပြည်သူ့ကြွေးမြီနှင့် ထုတ်ဝေရောင်းချမည့် အစိုးရငွေချေးသက်သေခံလက်မှတ်များ စုပေါင်းခြင်းအတွက်အဆိုပြုလမ်းညွှန်ချက်များနှင့် တိကျသောလျာထားချက်များ၊

(ခ)     အစိုးရငွေချေးသက်သေခံလက်မှတ်များဆိုင်ရာ ပြည်တွင်းဈေးကွက်ဖွံ့ဖြိုးမှုအား မြှင့်တင်ပေးရန် စီမံကိန်းရေးဆွဲထားသောလုပ်ငန်းများ၊

(ဂ)     ငွေထုတ်ချေးခြင်း၊ ထပ်ဆင့်ငွေထုတ်ချေးခြင်းနှင့် အာမခံချက်များ ထုတ်ပေးခြင်း တို့အတွက် မူဝါဒများနှင့် လမ်းညွှန်ချက်များစသည့် ရည်ရွယ်ချက်များပါဝင် ပါသည်။

၇။      ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာရေးဆွဲရာတွင် မက်ခရိုစီးပွားရေးမူဘောင်၊ အစိုးရ ၏အနာဂတ်ငွေချေးယူမှုလိုအပ်ချက်၊ ဈေးကွက်အခြေအနေများ၊ မဟာဗျူဟာဖော်ထုတ်ရေးနှင့် ဆက်စပ်သည့် အခြားကိစ္စရပ်ကို ထည့်သွင်းစဉ်းစားရပါသည်။

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF)မှ ချမှတ်ထားသောနည်းဗျူဟာများ  

၈။      အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF)မှချမှတ်ထားသော ပြည်သူ့ကြွေးမြီစီမံခန့် ခွဲမှု နည်းဗျူဟာများမှာအောက်ပါအတိုင်းဖြစ်ပါသည်-  

(က)    အစိုးရကြွေးမြီများကြောင့်ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများကို သတိပေးခြင်းများ၊  စောင့်ကြည့်ခြင်းများပြုလုပ်ရန်၊

(ခ)    အစိုးရကြွေးမြီများကြောင့် ဖြစ်ပေါ်လာသောဆုံးရှုံးမှုများအား နည်းဗျူဟာအသုံး ပြုပြီး ဆုံးရှုံးမှုများလျော့ချရန်၊

(ဂ)     အစိုးရ၏ အခြားငွေကြေးသုံးစွဲမှု၊ အခြားဆုံးရှုံးနိုင်သောကိစ္စရပ်များနှင့် အခွန် ဘဏ္ဍာငွေများကို ထည့်သွင်းစဉ်းစားဆောင်ရွက်ရန်၊

(ဃ)    ကြွေးမြီစီမံခန့်ခွဲသူများမှ နိုင်ငံခြားဝင်ငွေများနှင့် ဆက်စပ်သောကာလတိုကြွေးမြီ များ၏ဆုံးရှုံးမှုများကို စနစ်တကျစီမံခန့်ခွဲရန်၊

(င)     တိကျသောငွေကြေးစီမံခန့်ခွဲမှု လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်နှင့် အကြီးအကဲ များက ထိရောက်သည့်ငွေကြေးစီမံခန့်ခွဲမှု မူဝါဒများကိုချမှတ်ထားရန်တို့ဖြစ်ပါ သည်။

ပြည်သူ့ကြွေးမြီများရယူမှု နည်းလမ်းများ

၉။     ပြည်တွင်းကြွေးမြီများကို နိုင်ငံတော်အစိုးရက အဓိကနည်းလမ်းနှစ်သွယ်နှင့် ချေးယူရ ပါသည်။ ပထမနည်းလမ်းမှာ အစိုးရငွေချေးစာချုပ်၊ ငွေတိုက်စာချုပ်(Government Treasury Bond)ဟု ခေါ်ပါသည်။ ယင်းစာချုပ်များသည် နှစ်နှစ်၊ သုံးနှစ်၊ ငါးနှစ်သက်တမ်းများရှိပြီး သက်တမ်းအလိုက် မတူညီသည့်အတိုးနှုန်းများပေးပြီး ရယူခြင်းဖြစ်ပါသည်။ အစိုးရ၏ ငွေတိုက် စာချုပ်များကို ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ အခြားသောကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များနှင့် တစ်ဦးချင်းကိုပါ အားလုံးရောင်းချပေးရပါသည်။ ကျသင့်သည့်အတိုးကို ခြောက်လတစ်ကြိမ်ပေး ပြီး နိုင်ငံတော်အစိုးရအနေနှင့်အတိုးပေးပြီး ချေးငွေရယူခြင်းဖြစ်ပါသည်။

ပြည်သူ့ကြွေးမြီများရယူမှု လုပ်ငန်းစဉ်အဆင့်ဆင့်

၁၀။    ပြည်ပကြွေးမြီတစ်ခုယူမည်ဆိုလျှင် ကြွေးမြီယူမည့်အဖွဲ့အစည်းများက ယူချင်သည့်လုပ် ငန်း၊ ယူချင်သည့်ပမာဏများကိုစဉ်းစားခြင်း၊ ပေးမည့်သူနှင့်ယူမည့်သူဆွေးနွေးခြင်း၊ ကြွေးမြီရ ယူလိုလျှင် ပြည်တွင်းလုပ်ငန်းစဉ်များအရ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနကို ကြွေးမြီရယူမည့်ဝန်ကြီးဌာနက ပထမဦးဆုံးတင်ပြရမည်ဖြစ်ပါသည်။

၁၁။    အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက စိစစ်ပြီးလျှင် နိုင်ငံခြား အကူအညီအထောက်အပံ့စီမံခန့်ခွဲရေး လုပ်ငန်းကော်မတီကိုတင်ပြရ ပါသည်။ ယင်းကော်မတီက စိစစ်ပြီးအတည်ပြုလျှင် နိုင်ငံခြားအကူအညီ အထောက်အပံ့စီမံခန့်ခွဲရေးဗဟိုကော်မတီကို တင်ပြ ပါသည်။ ကော်မတီနှစ်ရပ်ကအတည်ပြုသည့်အခါတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက ဘဏ္ဍာရေးဝန်ကြီးဌာနကို ချေးငွေယူရန်အတွက် ပြည်ထောင်စု လွှတ်တော်နှင့် ဆက်လက်ပြီးဆောင်ရွက်ပေးရန် အကြောင်းကြားပါသည်။ ဘဏ္ဍာရေးဝန်ကြီး ဌာနက နိုင်ငံတော်သမ္မတရုံးနှင့် အစိုးရအဖွဲ့ရုံးများမှတဆင့် ပြည်ထောင်စုလွှတ်တော်ကို နိုင်ငံ တော်သမ္မတထံက သဝဏ်လွှာပေးပို့ရန်လုပ်ဆောင်ရပါသည်။ ပြည်ထောင်စုလွှတ်တော်တွင် ချေးငွေယူမည့်သက်ဆိုင်ရာဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနများက လွှတ်တော်တွင်ရှင်းလင်းတင်ပြရပါသည်။ ပြည်ထောင်စုလွှတ် တော်က အတည်ပြုဆုံးဖြတ်ပြီးလျှင် ဘဏ္ဍာရေးဝန်ကြီးဌာနက ချေးငွေယူမည့်သူနှင့် လက်ခံမည့် သူကြား ချေးငွေညှိနှိုင်းရေးလုပ်ငန်း ဆောင်ရွက်ရပါသည်။ ထို့နောက် မည်ကဲ့သို့စာချုပ်ချုပ် ခြင်းနှင့် စာချုပ်မူကြမ်းကို သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးရပါသည်။ စာချုပ်တွင် နစ်နာမည့် အချက်များပါရှိပါက တစ်ဖက်နိုင်ငံ၊ တစ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းမှုများဆောင်ရွက်ရ ပါသည်။ အထူးသဖြင့် မိမိနိုင်ငံနစ်နာမှုမရှိစေရန် ပြည့်စုံစွာစဉ်းစားပြီး ဆောင်ရွက်ရပါသည်။ နှစ်ဖက်စလုံးသဘောတူညီမှုရှိမှ စာချုပ် ချုပ်ဆိုလက်မှတ်ရေးထိုး၍ ချေးယူရပါသည်။

၁၂။    ချေးယူသည့်အခါလည်း အတိုးနှုန်း၊ ချေးငွေ၏သက်တမ်းကာလ၊ ချေးငွေတစ်ခုလုံးကို အတိုးနှင့် အရင်းပြန်ဆပ်သည့် ကာလမည်မျှရှိသည်ကို ထည့်သွင်းစဉ်းစားရပါမည်။ နိုင်ငံတော် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရန် ချေးယူရာတွင် အနှစ် ၂၀၊ ၃၀၊ ၄၀ ဖြင့် အတိုးနှုန်း သက်သာစွာ ကာလရှည်ရရှိနိုင်သည့် ချေးငွေကိုရွေးချယ်ရပါသည်။ ဖွံ့ဖြိုးရေးချေးငွေများသည် ပြည်သူ လူထုအတွက် အကျိုးရှိသော်လည်း အတိုးနှုန်းကြီးမားနိုင်ပါသည်။ ထိုကဲ့သို့သော ချေးငွေများ သည် ချေးပေးသည့်အချိန်အခါတွင်သာ ရယူနိုင်သည့်အတွက် ၎င်းချေးယူမှုကို လွှတ်တော်အထိ တင်ပြပြီး အတည်ပြုဆွေးနွေးရပါသည်။

၁၃။    ကြွေးမြီခံနိုင်ရည်ရှိမှုကို မိမိနိုင်ငံ၏နှစ်အလိုက် GDP ရရှိမှုအနေအထားဖြင့် အချိုးကျ တွက်ချက်ရပါသည်။ ကြွေးမြီခံနိုင်ရည်မရှိသည့်အချိန်တွင် သတိပေးမှုများပြုလုပ်ရပြီး ပြည်ပ ကြွေးမြီနှင့်ပတ်သတ်သည့် ကိန်းဂဏန်းများသည် အချိန်နှင့်အမျှ ပြောင်းလဲမှုရှိသည်ကို ငွေတိုက် ဦးစီးဌာနတွင် သိရှိနိုင်ပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနက ကြွေးမြီနှင့်အခြေအနေများကို လွှတ် တော်သို့ အခါအားလျော်စွာ တင်သွင်းရှင်လင်းရပါသည်။ မြန်မာနိုင်ငံ၏ကြွေးမြီခံနိုင်ရည်ရှိမှု လေ့ လာသုံးသပ်ချက်(Debt Sustainability Analysis)ကိုလည်း ကမ္ဘာ့ဘဏ်၊ အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့၏ အကူအညီဖြင့် ဆောင်ရွက်လျက် ရှိပါသည်။

အာဆီယံနိုင်ငံများ၏ ပြည်သူ့ကြွေးမြီအခြေအနေများ

၁၄။    အာဆီယံနိုင်ငံများ၏ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်တွင်ရှိသော ပြည်သူ့ကြွေးမြီ အခြေအနေကို အောက်ပါအတိုင်း တွေ့ရှိရပါသည်-

(အမေရိကန်ဒေါ်လာဘီလီယံ)

စဉ်

နိုင်ငံ

ကြွေးမြီပမာဏ

၁။

စင်္ကာပူ

၁၃၃၀.၀၀၀

၂။

အင်ဒိုနီးရှား

၂၇၇.၀၀၀

၃။

မလေးရှား

၂၀၇.၃၀၀

၄။

ထိုင်း

၁၄၀.၇၀၀

၅။

ဖိလစ်ပိုင်

၇၇.၆၇၀

၆။

ဗီယက်နမ်

၆၉.၇၆၀

၇။

လာအို

၉.၅၅၂

၈။

ကမ္ဘောဒီးယား

၇.၂၂၂

၉။

ဘရူနိုင်း

၃.၆၄၈

၁၀။

လာအို

၉.၅၅၂

၁၁။

ကမ္ဘောဒီးယား

၇.၂၂၂

 

၁၅။    အထက်ဖော်ပြပါနိုင်ငံအသီးသီးတွင်လည်း ကြွေးမြီစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ၊ မူဝါဒ များချမှတ်ပြီး စီမံခန့်ခွဲလျက်ရှိပါသည်။

၁၆။    မြန်မာနိုင်ငံ၏ ၂၀၁၅ ခုနှစ် ဇွန်လ ၃၀ ရက်ထိပြည်ပကြွေးမြီအခြေအနေမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

(အမေရိကန်ဒေါ်လာဘီလီယံ)

စဉ်

ချေးငွေ

ကြွေးမြီပမာဏ

၁။

၁၉၈၈ ခုနှစ်မတိုင်မီ ရယူခဲ့သည့်ချေးငွေ

၄.၂၆၆

၂။

၁၉၈၈-၁၉၈၉ မှ ၂၀၁၀-၂၀၁၁ အထိ စာချုပ်ချုပ်ဆိုခဲ့သည့်ချေးငွေ

၃.၃၃၁

၃။

၂၀၁၁ - ၂၀၁၂ နောက်ပိုင်းစာချုပ် ချုပ်ဆို ခဲ့သည့်ချေးငွေ

၁.၅၀၂

 

စုစုပေါင်း

၉.၀၉၉

မှတ်ချက်။      ပြည်ပချေးငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်း/လုပ်ငန်း၏ အကောင်အထည်ဖော်မှုအလိုက် ချေးငွေများ ထုတ်ယူသုံးစွဲခြင်း၊ အရင်းပြန်လည်ပေးဆပ်ခြင်းနှင့် ငွေလဲလှယ်နှုန်းပြောင်းလဲ ခြင်းတို့ကြောင့် ပြည်ပကြွေးမြီစာရင်းပမာဏ ပြောင်းလဲမှုရှိပါသည်။

၁၇။    မြန်မာနိုင်ငံ၏ ကြွေးမြီအခြေအနေမှာ စိုးရိမ်ဖွယ်ရာမရှိဘဲ ဂရုပြုရမည့်အမှတ်၏အောက် တွင်ကောင်းစွာရှိပါသည်။ သို့ရာတွင် ကြွေးမြီအခြေအနေကိုစောင့်ကြည့်နေရန်လိုအပ်ပြီး ဘတ် ဂျက်လိုငွေကို (၅) ရာခိုင်နှုန်းအစား (၄.၅) ရာခိုင်နှုန်းအောက်သို့ လျော့ချနိုင်ရန်နှင့် ဖွံ့ဖြိုးရေး အတွက် အတိုးနှုန်းနည်းသည့် ပြန်ဆပ်ကာလရှည်လျားသော ချေးငွေများကိုသာချေးယူသင့် ပါသည်။

အစိုးရ၏ဆောင်ရွက်ချက်များ

၁၈။    ပြည်တွင်း၊ ပြည်ပကြွေးမြီစီမံခန့်ခွဲမှုကို စနစ်တကျဆောင်ရွက်နိုင်ရန် ဘဏ္ဍာရေးဝန် ကြီးဌာနတွင် ငွေတိုက်ဦးစီးဌာနကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁ ရက်တွင် စတင်ဖွင့်လှစ် ခဲ့ပါသည်။ ငွေတိုက်ဦးစီးဌာနအောက်တွင် ကြွေးမြီစီမံခန့်ခွဲမှုဌာနခွဲအားဖွဲ့စည်းထားရှိပြီးနိုင်ငံ တကာအဆင့်မီ ကြွေးမြီစီမံခန့်ခွဲမှုဆောင်ရွက်နိုင်ရန် အာရှဖွံ့ဖြိုးရေးဘဏ်၏ အကူအညီဖြင့် ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

၁၉။    ကြွေးမြီမှတ်တမ်းတင်မှုနှင့် စီမံခန့်ခွဲမှုစနစ်တကျ ဖွံ့ဖြိုးတိုးတက်ရန်၊ ပြည်သူ့ကြွေးမြီ ဆိုင်ရာဥပဒေနှင့် ဖွဲ့စည်းမှု မူဘောင်သတ်မှတ်ပြဋ္ဌာန်းရန်၊ ကြွေးမြီစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့် တင်ရန်နှင့် ဝန်ထမ်းများ၏လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရန် တို့အတွက် နိုင်ငံတကာအဖွဲ့ အစည်းများမှ ကျွမ်းကျင်ပညာရှင်များ၏ အကူအညီရယူ ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူ့ ကြွေးမြီစီမံခန့်ခွဲမှု ဥပဒေမူကြမ်းကိုလည်း ရေးဆွဲပြုစုပြီး ပြည်ထောင်စုလွှတ်တော်၏ အတည်ပြု ချက်ရယူရန် တင်ပြထားလျက်ရှိပါသည်။ 

အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ

၂၀။    မြန်မာနိုင်ငံသည် အာရှဒေသအစိုးရအသုံးစရိတ် စီမံခန့်ခွဲမှုကွန်ယက် (Public Expenditure Management Network in Asia – PEMNA)၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ် ပါသည်။ အဖွဲ့ဝင်ဖြစ်ခြင်းကြောင့် ကမ္ဘာ့ဘဏ်၏ဦးဆောင်မှုဖြင့် အခြားနိုင်ငံများ၏ အတွေ့အကြုံ များ၊ နိုင်ငံတကာကျင့်သုံးလျက်ရှိသည့်ပုံစံများ၊ သုတေသနစာတမ်းများ၊ မိမိနိုင်ငံ၏အတွေ့ အကြုံများကိုလည်းမျှဝေနိုင်ခြင်းစသည့် အခွင့်အလမ်းများကို ရရှိစေပါသည်။

နိုင်ငံတကာတွင် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုနှင့်စပ်လျဉ်းသော ဆောင်ရွက်ချက်များ

၂၁။    အိန္ဒိယနိုင်ငံ။  အိန္ဒိယနိုင်ငံ၏ ငွေကြေးချေးယူခြင်းအပေါ် အစိုးရ၏ကိုယ်စားလှယ် အဖြစ် သီးသန့်ဘဏ် (Reserve Bank) မှချေးငွေကိစ္စများကို တာဝန်ယူဆောင်ရွက်ရပါသည်။ သီးသန့်ဘဏ်သည် သီးသန့်ဘဏ်အက်ဥပဒေအရ ကြွေးမြီစီမံခန့်ခွဲမှုဥပဒေရေးဆွဲပေးရပြီး ပြည်သူ့ကြွေးမြီကိစ္စရပ်များကို အောက်ပါအတိုင်း စီမံဆောင်ရွက်လျက်ရှိပါသည်-

(က)    သီးသန့်ဘဏ် (ပြည်တွင်းရောင်းနိုင်သောအကြွေးများ၊ ဥပမာ - သတ်မှတ်ထား သောလုံခြုံမှုများ၊ အခွန်ငွေများနှင့် လက်ငင်းငွေကြေးစီမံခန့်ခွဲများကိုဆောင်ရွက် ရန်)၊

(ခ)     ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေကြေးအထောက်အပံ့စီမံခန့်ခွဲမှုဌာန (ပြည်ပအကြွေး များကိုတာဝန်ယူဆောင်ရွက်ရန်)၊

(ဂ)     ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဘတ်ဂျက်ဌာနခွဲ(အသေးစားစုငွေများ၊ ဘဏ်စုငွေများ၊ သီးသန့်ရန်ပုံငွေများနှင့် အခြားတာဝန်ရှိသော ကိစ္စရပ်များဆောင်ရွက်ရန်စသည် ဖြင့်ဖွဲ့စည်းထားရှိပါသည်။

          ကြွေးမြီကိစ္စရပ်များကို သီးသန့်ဘဏ်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုရုံးတို့မှတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိသည်။

၂၂။    ပေါ်တူဂီနိုင်ငံ။         ပြည်သူ့ကြွေးမြီမှချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း ချေးငွေများကို အတိုးဖြင့်ပေးဆပ်ရပါသည်။ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲခြင်း ဆိုင်ရာဥပဒေတွင် -

(က)    ချေးငွေပုံစံအမျိုးမျိုးအား နည်းလမ်းအမျိုးမျိုးဖြင့် ပြန်လည်ပေးဆပ်ခြင်း။

(ခ)     ပြန်ဆပ်ရန် အတိုးနှုန်းများလျာထားခြင်း။

(ဂ)     ချေးငွေ၏ စာချုပ်တွင်ပါရှိသော စည်းမျဉ်းစည်းကမ်းများအတိုင်း အပြည့်ပြန်ဆပ် ခြင်း သို့မဟုတ် အရစ်ကျပြန်ဆပ်ခြင်း။

(ဃ)    လက်ရှိအကြွေး၏ငွေကြေးအမျိုးအစား ပြောင်းလဲမှုများသည် မည်သည့်အချိန် ဖြစ်စေ ဘဏ္ဍာရေးစျေးကွက်၏လက်ရှိအခြေအနေတို့ဖြင့် စီမံဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။

၂၃။    ဗီယက်နမ်နိုင်ငံ။       ဗီယက်နမ်နိုင်ငံ၏ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေတွင် လွှတ်တော်၏ လုပ်ငန်းတာဝန်များကို အောက်ပါအတိုင်းပြဋ္ဌာန်းထားပါသည် -

(က)    နိုင်ငံ၏ GDP တိုးတက်မှုကို လျော့နည်းစေနိုင်သည့် ပြည်သူ့ကြွေးမြီများ၊ နိုင်ငံ ခြားကြွေးမြီများ၊ အစိုးရကြွေးမြီပေးချေမှုများ၊ နိုင်ငံခြားကြွေးမြီပေးချေမှုများကို ရှင်းလင်းစေရန်၊

(ခ)     ချေးငွေတိုးမြှင့်လာမှု အကြောင်းအရာများကိုဖြေရှင်းရန်နှင့် (၅) နှစ်ကြွေးမြီစီမံ ကိန်းစံပုံစံအသုံးပြုခြင်းကို စစ်ဆေးရန်။

(ဂ)     နိုင်ငံတော်၏ ဘတ်ဂျက်ခန့်မှန်းမှုတန်ဖိုးနှင့် အစိုးရ၏နှစ်စဉ်ချေးငွေနှင့် ကြွေးမြီ ပေးချေမှုစုစုပေါင်းကို စစ်ဆေးရန်။

(ဃ)    အစိုးရချေးငွေကို အခြေခံသည့်လုပ်ငန်းများ၊ အမျိုးသားစီမံကိန်းများ၏ ရင်းနှီး မြှပ်နှံမှုများကို စစ်ဆေးရန်။

(င)     ချေးငွေများမြင့်တက်လာမှု၊ ခွဲဝေအသုံးပြုမှု၊ ကြွေးမြီပေးချေမှုနှင့် ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုများအားကြီးကြပ်ရန်။

၂၄။    ပြည်သူ့ကြွေးမြီစီမံခန့်ခွဲခြင်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဝန်ကြီးဌာန၏လုပ်ငန်းတာဝန်များ အနေဖြင့်-

          (က)    နိုင်ငံတော်၏ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲခြင်းလုပ်ငန်းများကို ကူညီဆောင်ရွက်ရန်၊

(ခ)     ၅ နှစ်ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုစီမံကိန်း၊ ချေးငွေတိုးမြှင့်လာမှုအကြောင်းရင်းများ၊ ချေးငွေအသုံးပြုမှုများနှင့် ကာလလတ်ကြွေးမြီစီမံကိန်းများကို ဆောင်ရွက်ရန်၊ အစိုးရကြွေးမြီ၊ ပြည်သူ့ကြွေးမြီနှင့် နိုင်ငံခြားကြွေးမြီများအား သတိပေးလမ်းညွှန် မှုများပြုလုပ်ရန်နှင့် အစိုးရ၏နှစ်စဉ်ချေး​ငွေများနှင့် ချေးငွေပေးချေမှုအစီအစဉ် များအား သဘောတူညီချက်များရရှိရန်အတွက် တာဝန်ရှိသူများထံ တင်ပြဆောင် ရွက်ရန်၊

(ဂ)     ပြည်သူ့ကြွေးမြီများ၊ နိုင်ငံခြားအရောင်းအဝယ်နှင့်ဆိုင်သောချေးငွေများနှင့် အစိုးရ အာမခံမှုများ ချေးယူနိုင်သောပမာဏအား သတ်မှတ်ပေးရန်၊

(ဃ)    အစိုးရမှတာဝန်ခွဲဝေသတ်မှတ်ပေးထားသော နိုင်ငံခြားချေးငွေသဘောတူညီချက် စာချုပ်များလက်မှတ်ရေးထိုးခြင်းနှင့် စေ့စပ်ညှိနှိုင်းခြင်းများဆောင်ရွက်ရန်၊

(င)     အစိုးရကြွေးမြီနှင့်ဆက်စပ်သောလုပ်ငန်းများကိုဆောင်ရွက်ရန် State Bank အား အပ်နှင်းထားသောကိစ္စရပ်များမှတပါး နိုင်ငံခြားချေးငွေချေးယူခြင်း ကိစ္စရပ်များ အား အစိုးရကိုယ်စား တရားဝင်ဆောင်ရွက်ရန်တို့ဖြစ်ပါသည်။

၂၅။    အထက်ဖော်ပြပါ နိုင်ငံများ၏ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုနှင့်သက်ဆိုင်သည့် ဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

၂၆။    နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပချေးငွေများစိစစ်ရယူ ခြင်း၊ ကြွေးမြီစီမံခန့်ခွဲမှုကို စနစ်တကျဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက်ရှိပါသည်။ ရယူ ထားသည့် ပြည်ပချေးငွေအများစုသည် တစ်လုံးတစ်ခဲတည်း အားလုံးရရှိခြင်းမဟုတ်ဘဲ        စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းအကောင်ထည်ဖော်မှုအပေါ်မူတည်ပြီး ချေးငွေ ထုတ်ယူ ရရှိသုံးစွဲနေခြင်းဖြစ်ပါသည်။ ယခုအခါ IMF, World Bank တို့သည် မြန်မာနိုင်ငံ၏ ကြွေးမြီခံနိုင်ရည်ဆန်းစစ်ချက်အရ သင့်တင့်သောကြွေးမြီရယူထားသည့် အခြေအနေတွင်ရှိသည် ဟု ဖော်ပြထားပါသည်။ အရေးကြီးဆုံးအချက်မှာ ပြည်ပချေးငွေ ရယူဆောင်ရွက်သည့်လုပ်ငန်း စီမံကိန်းများကို ရည်မှန်းချက်အတိုင်း အပြည့်အဝအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် စနစ် တကျကြပ်မတ်စစ်ဆေးမှုများ လုပ်ဆောင်ရန်တို့ဖြစ်ပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်မှရယူထားသည့် ပြည်ပကြွေးမြီများကို စနစ်တကျမှတ်တမ်းတင်ခြင်း၊ ကြွေးမြီဆိုင် ရာလေ့လာဆန်းစစ်ခြင်း၊ ဥပဒေလုပ်ထုံးလုပ်နည်းများကိုရေးဆွဲပြဋ္ဌာန်းခြင်းနှင့် ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုကို စနစ်တကျဆောင်ရွက်ခြင်း စသည်တို့ကိုစဉ်ဆက်မပြတ် ဆောင်ရွက်နိုင်စေရန်တို့ ဖြစ်ပါသည်။


သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

ရက္စြဲ
ရက်စွဲ။ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်