Skip to main content

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော Equality Myanmar အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစောသည် Equality Myanmar အဖွဲ့၏ “လူ့အခွင့်အရေးနှင့် ဥပဒေဆိုင်ရာ ဆရာဖြစ်နည်းပြ သင်တန်း” မှ နည်းပြနှင့် သင်တန်းသား၊ သင်တန်းသူ ၃၅ ဦးတို့အား ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ် အချိန် တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံသားများ၏အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍  အကြောင်းကြားစာများ၊ တိုင်ကြားစာများနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးဝင်းမြင့်အောင်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ မတ်လ ၁၅ ရက်